စီးရီးအေ အကောင်းဆုံးကစားသမားဆုကို အိုင်ကာဒီရရှိပြီး နည်းပြဆုကို အယ်လီဂရီဆွတ်ခူး

ပြီးခဲ့တဲ့ ရာသီစီးရီးအေအကေင်းဆုံးဆုတွေကို မနေ့ညက ပေးအပ်ခဲ့ရာမှာ တစ်နှစ်တာအကောင်းဆုံး ကစားသမား ဆုကို အင်တာမီလန်တိုက်စစ်မှူး အိုင်ကာဒီဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၁၁ နောက်ပိုင်း ဂျူဗင်တပ် ကစားသမား မဟုတ်သူတွေထဲက တစ်ဦး အကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာပါ။

အာဂျင်တီးနားတိုက်စစ်မှူး ဖြစ်တဲ့ အိုင်ကာဒီဟာပြီးခဲ့တဲ့ရာသီက တိုရီနိုက အင်မိုဘိုင်းလ်နဲ့အတူ ၂၉ ဂိုးစီသွင်းပြီး ဂိုးသွင်အများဆုံးသူအဖြစ် ရပ်တည်ခဲ့တဲ့အပြင် အင်တာကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရအောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ တစ်နှ်စ်တာအကောင်းဆုံးဂိုးဆုကိုလည်း ဆွတ်ခူးခဲ့ပါသေးတယ်။

အကောင်းဆုံးနည်းပြဆုကိုတော့ မနှစ်ကနာပိုလီကိုကိုင်တွယ်ခဲ့တဲ့ လက်ရှိ ချဲလ်ဆီးနည်းပြ ဆာရီကိုကျော်ဖြတ်ပြီး ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ၄ ကြိမ်ဆက်ဆွတ်ခူးခဲ့ပါတယ်။

အကောင်းဆုံး ဂိုးသမားဆိုကိုတော့ အခုလီဗာပူးကို ရောက်ရှိနေတဲ့ ရိုးမာအသင်းဂိုးသမားဟောင်း အဲလစ်ဆန်က ဆွတ်ခူးခဲ့ပါတယ်။ သူဟာဒီဆုအတွက် ဇနီးသည်နဲ့အတူ အင်္ဂလန်ကနေလာရောက်ပြီး ဆုလက်ခံရယူခဲ့ပါတယ်။ အဲလစ်ဆန်ဟာ ပြီးခဲ့တဲ့ ရာသီကရိုးမားအတွက် စီးရီးအေ ၃၇ ပွဲကစားပြီး ၁၇ပွဲ ပေးဂိုးမရှိဖို့ စွမ်းဆောင်နိုင်ခဲ့သူပါ။

တစ်နှ်စ်တာအကောင်းဆုံအသင်းကတော့

ဂိုး-အဲလစ်ဆန်(ရိုးမား)
နောက်တန်း- ကန်ဆယ်လို(အင်တာ) ကူဘီဘာလီ(နာပိုလီ) ချီရယ်လီနီ(ဂျူဗင်တပ်) ဆန်ဒရို(ဂျူဗင်တပ်)၊

အလယ်တန်း- ပီဂျာနစ်(ဂျူဗင်တပ်)၊ မီလင်ကိုဗစ်ဆာဗစ်( လာဇီယို)နိုင်ဂိုလန်( ရိုးမား)

ရှေ့တန်း- အိုင်ကာဒီ(အင်တာ) အင်မိုဘိုင်းလ်(တိုရီနို) ဒိုင်ဘာလာ(ဂျူဗင်တပ်) တို့ဖြစ်ပါတယ်။

 

90Minutes