ယခုရာသီကုန်ပါက အာဂျန်ရော်ဘင် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာမည်

ဘိုင်ယန်မြူးနစ်တောင်ပံ ကစားသမားအာဂျန်ရော်ဘင်က ယခုရာသီကုန်ဆုံးချိန် ၎င်းအသက်(၃၅)နှစ်တွင် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားကြောင်း ကြေညာသည်။

ရီးရဲလ်သို့ ရော်နယ်ဒိုနှင့် ကာကာတို့ရောက်လာပြီးနောက် ၂၀၀၉ ဩဂုတ်က ဘိုင်ယန်သို့ ပြောင်းရွှေ့ခဲ့သော ရော်ဘင်သည် ဘိုင်ယန်နှင့် ၁၀ နှစ်ကြာလက်တွဲခဲ့ ကာ ယခုရာသီကုန်တွင် ထွက်ခွာ တော့မည်ဖြစ်သည်။

ယင်းနယ်သာလန်လက်ရွေးစင်သည် ဘိုင်ယန်နှင့်အတူ ဘွန်ဒက်စ်လီဂါဖလားခုနစ်ကြိမ်၊ ဂျာ မန်ပိုကယ်ဖလား လေးကြိမ်ရရှိခဲ့သည်။

‘‘ဒီနှစ်က ဘိုင်ယန်မှာ ကျွန်တော့်ရဲ့ နောက်ဆုံးနှစ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ဟာ လှပ ခဲ့တဲ့နှစ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ခုတော့ထွက်သွားဖို့ အချိန်ကျပါပြီ’’ ဟု ရော်ဘင် (၃၄)နှစ်က ပြော သည်။

ဘွန်ဒက်စ်လီဂါ ၁၉၈ ပွဲတွင် ၉၈ ဂိုးသွင်းထားသူရော်ဘင်သည် ဒူးဒဏ်ရာကြောင့် ယခုရာသီ ဘိုင် ယန်၏ ၁၃ ပွဲ၌ ခုနစ်ပွဲသာ ပါဝင်ကစားထားသည်။ တနင်္ဂနွေနေ့ စောစောပိုင်းက ဘိုင်ယန်ဥက္ကဋ္ဌ ယူလီဟိုးနက်စ်ကရော်ဘင်နှင့် လာမည့်ဇွန်လတွင် စာချုပ်သက်တမ်းကုန်မည့် ပြင်သစ်တောင်ပံကစားသမား ရီဘာရီတို့အသင်းမှ ထွက်ခွာမည်ဟု ပြောကြားသည်။

ယခုရာသီတွင် စွမ်းဆောင်ရည်လျော့ကျနေသော ဘိုင်ယန်သည် ၁၃ ပွဲကစားပြီးနောက်ထိပ်ဆုံးရှိ ဒေါ့မွန်ထက် ကိုးမှတ်လျော့နေသည်။ ရော်ဘင်သည်ယခင်က ကစားသမားဘ၀ကို မွေးရပ်မြို့ရှိ ကလပ်ဂရိုနင်ဂျန်တွင် အဆုံးသတ်မည်ဟု ပြောကြားသော်လည်း နောက်ထပ်ခြေလှမ်းကိုမူ မသိရသေးပေ။

—Ref:AS