မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ ဗဟိုအတွင်းရေးမှူးတက်ရောက်

 

မကွေး နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးတို့ တက်ရောက်ခဲ့ကြသည်။ဆက်လက်၍သဘာပတိတိုင်း ဒေသကြီးအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ယဉ်ယဉ်လှက အဖွင့်အမှာ စကားပြောကြားပြီးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ ကိုယ် စားဒေါ်စပယ်မင်းက အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်း လင်းတင်ပြသည်။

ဆက်လက်၍အစုအဖွဲ့များခွဲပြီး နှီးနှောဖလှယ်ပွဲတွင် တင်သွင်းမည့် စာတမ်းများနှင့်ပတ်သက်ပြီးဆွေးနွေး ခြင်း၊ ဖတ်ကြားခြင်း၊ သဘာပတိမှ မှတ်တမ်းတင်ခြင်း၊ အတည်ပြု ခြင်းနှင့်ရှေ့လုပ်ငန်းများချမှတ်ခြင်း တို့ကို ဆောင်ရွက်ကြပြီးနောက် နိဂုံးချုပ်အမှာစကား ပြောကြားကာ မွန်းလွဲ ၃နာရီခွဲတွင်အခမ်းအနားကို ပြည်ခိုင်ဖြိုးဟေ့သီချင်း သံပြိုင် သီဆို၍ ပြီးမြောက်ခဲ့ပါသည်။

အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးတာဝန်ခံ ဗဟိုအတွင်း ရေးမှူးဦးပိုက်ထွေး၊ ဗဟိုအလုပ် အမှုဆောင် မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာမောင်မောင် ဌေး၊ တိုင်းဒေသကြီးပါတီ အတွင်း ရေးမှူးဦးဆန်းညွန့်အောင်နှင့် တိုင်း ဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်ငါးခရိုင်မှ ပါတီဥက္ကဋ္ဌများနှင့် အမျိုးသမီးရေးရာတာဝန်ခံများ၊ မြို့နယ်၂၅မြို့နယ်မှပါတီဥက္ကဋ္ဌများ နှင့် အမျိုးသမီးရေးရာတာဝန်ခံများ၊ အမျိုးသမီးကိုယ်စားလှယ်များ စုစုပေါင်းအင်အား ၃၅ဝ ခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။

မင်းဇော်(မကွေး)