ခရစ်ယာန်သင်းအုပ်ဘုန်းတော်ကြီးများအား ရိုးဖြောင့်မှုမရှိဟု ဖိလစ်ပိုင်သမ္မတ ဝေဖန်

ဖိလစ်ပိုင် သမ္မတဒူတာတီသည် နိုင်ငံအတွင်းရှိ ခရစ်ယာန်ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းများတွင် ဘာသာရေးဆိုင်ရာ လုပ်ဆောင်ချက်များ ပြုလုပ်လျက်ရှိသော သင်းအုပ် ဘုန်းတော်ကြီးများအား ရိုးဖြောင့်မှု မရှိဟု ဝေဖန်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ဒူတာတီက “ ဘယ်သူမဆို ကိုယ့်အိမ်မှာပဲ ဆုတောင်းတာ၊ အလေးအမြတ်ပြုတာတွေ လုပ်လို့ရပါတယ်။ ဘုရားကျောင်းကို သွားပြီး တုံးအသူတွေအတွက် ဆုတောင်းပေးတာမျိုးတွေ မလုပ်သင့်ပါဘူး။ ဒါ့အပြင် မရိုးသားဘူးလို့ ယူဆနိုင်တဲ့အရာတွေကိုလည်း တွေ့ရပါတယ်” ဟု ပြောသည်။ ထိုကဲ့သို့ ပြေားကြားခဲ့ခြင်းကြောင့် ဒူတာတီနှင့် ကက်သလစ် ဘုရားကျောင်းများကြား တွင် ပဋိပက္ခဖြစ်စဉ်များ တိုးပွားလာဖွယ်ရှိသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကက်သလစ်ဘာသာကိုးကွယ်သူ အများစုနေထိုင်သော နိုင်ငံဖြစ်သည်။ ဒူတာတီ သည် ၎င်း၏ လက်ထက်တွင် ဖော်ဆောင်ခဲ့သော မူးယစ်ဆေးဝါးတိုက်ဖျက်မှု လုပ်ငန်းစဉ်များ ကို ကက်သလစ် ဘုရားကျောင်းများက ထောက်ခံမှု မရှိကြောင်း ပြသခဲ့မှုအား ပြင်းထန်သည့် စကားလုံးများ အသုံးပြုကာ ဝေဖန် တိုက်ခိုက်ခဲ့ဖူးသည်။

ထို့အပြင် ဒူတာတီ သည် ခရစ်ယာန်ဘာသာ၏ ထာဝရဘုရားသခင်အား သမ္မာန်ကျမ်းစာပါ အချက်များကို ကိုးကားကာ ဝေဖန်မှုပြုလုပ်ခြင်းကြောင့် ကက်သလစ်ဘုရားကျောင်းများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

-Ref: Reuters