ကိုရီးယားရိုးရာအားကစားနည်းအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်မည်

Photo: KIM JAE-HWAN / AFP

ကိုရီးယားကျွန်းဆွယ်တွင် ရှေးအစဉ်အဆက်ကတည်းက ယှဉ်ပြိုင်ကစားခဲ့သော ရိုးရာနပန်းအားကစားတစ်ခုအား ယူနက်စကို၏ ကမ္ဘ့ာယဉ်ကျေးမှုအမွေအနှစ်များ စာရင်းအတွင်းသို့ ထွည့်သွင်း မည်ဖြစ်ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြသည်။

ယူနစ်ကိုအဖွဲ့သည် သမိုင်းဝင်နေရာများနှင့် သမိုင်းဝင်အဆောက်အအုံများ၊ သဘာဝအလှတရားများကို ကမ္ဘ့ာယဉ်ကျေးမှုအမွေအနှစ်စာရင်းအတွင်းသို့ ထည့်သွင်းကာ ထိန်းသိမ်း စောင့်ရှောက်မှုများ ပြုလုပ်ခဲ့သည်။

ကိုရီးယားရိုးရာနပန်းအားကစားနည်းသည် စတင်ဖြစ်ပေါ်လာသည့် သမိုင်းအရ နှစ် ရာနှင့်ချီ၍ တည်တဲ့ခဲ့သော အားကစားနည်း ဖြစ်ပေါ်သည့်အပြင် ကိုယ်ပိုင်သွင်ပြင်လက္ခဏာများကိုပါ ပိုင်ဆိုင်ထားခြင်းကြောင့် ကမ္ဘ့ာ ယဉ်ကျေးမှု အမွေအနှစ်စာရင်းအတွင်းသို့ ထည့်သွင်းရန် စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါ ရိုးရာနပန်းအားကစားနည်းသည် ကမ္ဘ့ာယဉ်ကျေးမှု အမွေအနှစ်စာရင်း အတွင်းသို့ ထည့်သွင်းခံရသည့် ပထဆုံးအားကစားနည်းတစ်ရပ်ဖြစ်ကြောင်းလည်း ယူနက်စကိုက အတည်ပြုခဲ့သည်။

-Ref: Aljazeera