ပီအက်စ်ဂျီနဲ့ကစားမယ့် ချန်ပီယံလိဂ်အရေးကြီးပွဲကို မာနေး ပါဝင်ကစားနိုင်ဖို့မသေချာ

လီဗာပူးတိုက်စစ်မှူးမာနေးဟာ နေမကောင်းဖြစ်နေတာကြောင့် ဗုဒ္ဓဟူးနေ့မှာ ပီအက်စ်ဂျီနဲ့ ကစားမယ့်ချန်ပီယံလိဂ် အရေးကြီးပွဲကို လွဲချော်ရဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ၀က်ဖို့ဒ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲအစကတည်းက ပါဝင်ကစားခဲ့ပြီး ပွဲချိန်(၆၇)မိနစ်မှာ ဆာလက် အဖွင့်ဂိုးသွင်းနိုင်ဖို့ မာနေး ဖန်တီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း သူဟာ ပြီးခဲ့တဲ့ရက်က နေမကောင်းဖြစ်ခဲ့တာကြောင့် ပီအက်စ်ဂျီနဲ့ ကစားမယ့်ပွဲကို လွဲချော်ဖို့ ရှိနေတာပါ။ လက်ရှိမှာ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု(C) မှာ ရမှတ်(၆ )မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ပီအက်စ်ဂျီကတော့ ရမှတ်(၅)မှတ်နဲ့ တတိယနေရာမှာရပ်တည်နေပါတယ်။

မာနေးဟာ ပြီးခဲ့တဲ့ အပတ်ကမှ လီဗာပူးအသင်းနဲ့ တစ်ပတ်ပေါင်(၁၅၀၀၀၀)တန်ကြေးရှိ ကာလရှည်စာချုပ်သစ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။

အခုရာသီမှာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ(၁၇)ပွဲမှာ (၇)ဂိုးသွင်းယူထားပါတယ်။

-Ref: Skysports