ကမ္ဘာ့အဆင့် စနူကာဆီမီးဖိုင်နယ်ပြိုင်ပွဲများ ကျင်းပ

ရန်ုကုန် နိုဝင်ဘာ ၂၆

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ IBSF World Billards & Snooker Champion-ship 2018ပြိုင်ပွဲ၏ စနူကာပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်Grand Mercure ဟိုတယ်၌ ကျင်းပသည်။

အဆိုပါဆီမီးဖိုင်နယ်ပြိုင်ပွဲတွင် အမျိုးသားစနူကာ နှစ်ပွဲ၊ အမျိုးသမီး စနူကာနှစ်ပွဲနှင့် အသက် ၄ဝ နှင့်အထက် မာစတာတန်းစနူကာပြိုင်ပွဲ နှစ်ပွဲယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အမျိုးသမီးစနူကာပြိုင်ပွဲတွင် ထိုင်းမှ Waratt- hanun Sukritthanesက အိန္ဒိယကစားသမား Amee Kamani ကို လေးပွဲ – နှစ်ပွဲဖြင့် လည်းကောင်း၊ ဘယ်လ်ဂျီယံမှWendy Jansက ထိုင်းမှ Nutcharat Wongharuthai ကို လေးပွဲ – သုံးပွဲဖြင့် လည်း ကောင်း၊ အသက်၎ဝနှင့်အထက် မာစတာတန်းပြိုင်ပွဲတွင် ဝေးလ် မှDarren Morgan က တရုတ်မှ LiJian Bing ကို ငါးပွဲနှစ်ပွဲဖြင့် လည်းကောင်း၊အမျိုးသားပြိုင်ပွဲတွင် တရုတ်မှ Chang Bingyu က ထိုင်းမှThanawat Tira-pongpaiboon ကို ခြောက်ပွဲ-ငါးပွဲဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။ အမျိုးသားပြိုင်ပွဲတွင် တရုတ်မှ He Guoq-iang က ဘယ်လ်ဂျီယံမှ Kevin Han-ssens ကို ခြောက်ပွဲ-နှစ်ပွဲဖြင့် လည်း ကောင်း၊ အသက် ၄ဝ နှစ်အထက် မာစတာတန်းပြိုင်ပွဲတွင် အာဖဂန်နစ္စတန် မှ Saieh Mohammad က ထိုင်းမှSuckakree poomjang ကို ငါးပွဲ-လေးပွဲဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။

ယင်းကမ္ဘာ့အဆင့် စနူကာပြိုင်ပွဲတွင် မြန်မာအမျိုးသား၊ အမျိုးသမီးနှင့် အမျိုးသားအသက် ၄ဝ နှင့်အထက် အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသားပြိုင်ပွဲတွင် ကိုထက် တစ်ဦးသာ ကွာတားဖိုင်နယ် အဆင့်သာ တက်ရောက်နိုင်ခဲ့သည်။ အဆိုပါ စနူကာ ဗိုလ်လုပွဲပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီး နှင့် အသက်၎ဝနှစ်အထက် မာစတာတန်း ပြိုင်ပွဲများကို နိုဝင်ဘာ ၂၇ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Myanmaalinn