ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီယို ချန်ပီယံကာကွယ်ပွဲအဖြစ် ဘရိုနာနှင့် ထိုးသတ်မည်

ဘရိုနာနဲ့ပွဲမှာ မိမိရဲ့ လက်ဝှေ့ကစားသမားဘဝ ကျန်ရှိသေးတယ်ဆိုတာ သက်သေပြချင်တယ်လို့ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီယိုက ပြောကြားလိုက်ပါတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ပက်ကွီယိုဟာ လာမယ့်နှစ် ဇန်နဝါရီ ၁၉ ရက်မှာ WBA ဝယ်လ်တာဝိတ် ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ကာကွယ်ပွဲအဖြစ် အမေရိကန်က အက်ဒရီယန်ဘရိုနာနဲ့ လတ်စ်ဗီးဂတ်မှာ ထိုးသတ်ရမှာပါ။

ဇန်နဝါရီ ၁၉ ရက် ထိုးသတ်မယ့်ပွဲမှာ မိမိရဲ့ လက်ဝှေ့ကစားသမားဘဝ ကျန်ရှိနေသေးတယ်ဆိုတာ သက်သေ ပြချင်သလို အကောင်းဆုံးပွဲစဉ် ဖြစ်လာအောင်လည်း ထိုးသတ်ချင်တယ်လို့ ပက်ကွီယိုက ပြောပါတယ်။

ဒီပွဲနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း နိုဝင်ဘာ ၁၉ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ ပြိုင်ဘက် ဘရိုနာနဲ့ မျက်နှာချင်းဆိုင်ရာမှာ နှစ်ဦးစလုံး ရယ်ခဲ့တာကြောင့် ပြောစရာ ဖြစ်ခဲ့ပါသေးတယ်။

အသက် ၂၉ နှစ်ရှိ အမေရိကန်ဖိုက်တာ ဘရိုနာဟာ စုစုပေါင်း ၃၈ ပွဲ ထိုးသတ်ရာမှာ ၃ ပွဲပဲ ရှုံးနိမ့်ထားပြီး ၃၃ ပွဲ အထိ အနိုင်ရထားပါတယ်။ 

DVB