မက္ကဆီကိုနယ်စပ်တစ်လျှောက် အမေရိကန်တပ်ဖွဲ့ က ခြံစည်းရိုးခတ်

ဝါရှင်တန် နိုဝင်ဘာ ၁၉

လွန်ခဲ့သောသုံးရက်အတွင်း အမေရိကန်တပ်ဖွဲ့သည် မက္ကဆီကို နယ်စပ်အနီး မြစ်ဘေးတစ်လျှောက်တွင် ခြံစည်းရိုးများခတ်ထား သည်ကို မျက်စိတစ်ဆုံး တွေ့မြင်နေရသည်။

ကင်တပ်ကီပြည်နယ် ဖို့စ်နောက်စ်ခံတပ်အခြေစိုက် အင်ဂျင်နီယာတပ်ရင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များက ခြံစည်းရိုး ခတ်သည့်လုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့မြင်နေ ရသည်။

အမေရိကန်သမ္မတ ထရမ့်၏ အငြင်းပွားဖွယ်အမိန့်ဖြင့် တက္ကဆက်ပြည်နယ် အနောက်မြောက်ပိုင်း ရီရိုဂရန်ဒီ မြစ်အနီး တွင် ခြံစည်းရိုးခတ်နေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီကတည်းက သမ္မတထရမ့်သည် ရွှေ့ပြောင်း သွားလာသူ လူအုပ်ကြီးနှင့်ပတ်သက်၍ မီဒီယာများမှတစ်ဆင့် သတိပေးမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။ ကြီးမားခိုင်ခံ့သော ခြံစည်းရိုး ခတ်နေကြခြင်းဖြစ်သည်ဟု ထရမ့်က ပြောသည်။

သမ္မတထရမ့်သည် နယ်စပ်မိုင် ၂ဝဝဝ တစ်လျှောက် တောင့်တင်းခိုင်မာသည့်တံတိုင်း တည်ဆောက်လိုသည်။
ထရမ့်၏ နိုင်ငံရေးအကျိုးစီးပွားအတွက် ပင်တဂွန်က လိုက်လုပ်စရာမလိုဟု ပြောဆိုနေကြသော ဝေဖန်သူများကို အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်က ပြန်လည် တုံ့ပြန်ခဲ့သည်။

ဂျင်မက်တစ်သည် လွန်ခဲ့သော သီတင်းပတ်က နယ်စပ်ရှိ တပ်ဖွဲ့ဝင်များထံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ¤င်းတို့လုပ်ဆောင် နေသောအလုပ်များသည် ကာလတိုအားဖြင့် အကောက်အခွန် နှင့် နယ်စပ်ကာကွယ်ရေး အတွက် အကူအညီဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင် အမေရိကန်သည် မက္ကဆီကို နယ်စပ်ကိုဖြတ်၍ အမေရိကန်သို့ ဦးတည်လာသော ဗဟို အမေရိကမှ ရွှေ့ပြောင်းအခြေချသူများ အလုံးအရင်းလိုက် ဝင်ရောက်လာမည်ကို တားဆီးသည့်အနေဖြင့် တပ်ဖွဲ့ဝင်ပေါင်း ၅၈ဝဝ ခန့်ကို တပ်ဖြန့်ချထားပြီးဖြစ်သည်။

-Ref: AFP