ဘလွန်းဒီအောဆန်ခါတင်သုံးဦး ပေါက်ကြားစာရင်းတွင် မက်ဆီနှင့် ရော်နယ်ဒို မပါဝင်
ဘာစီလိုနာကြယ်ပွင့် မက်ဆီနှင့် ဂျူဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုသည် ဘလွန်းဒီအောဆုကို နောက်ဆုံး ၁၀ နှစ်အတွင်း အပြိုင်အဆိုင် ဆွတ်ခူးခဲ့သော်လည်း ယခုနှစ်တွင် ယင်းဆုကို ၎င်းတို့နှစ်ဦး ရမည့်ပုံ မပေါ်ပေ။
ယခုနှစ်အတွက် ဘလွန်းဒီ အောဆုကို ဒီဇင်ဘာ ၃ ရက်တွင် ပေးအပ်မည်ဖြစ်ပြီး ယခုနှစ်သည် ၂၀၀၇ နောက်ပိုင်း မက်ဆီ (သို့မဟုတ်) ရော်နယ်ဒို တစ်ဦးဦးက ယင်းဆုဆွတ်ခူးနိုင်ခြင်း မရှိသည့် ပထမဆုံးနှစ် ဖြစ်လာဖွယ်ရှိ သည်။
ယင်းဆုကို ခရိုအေးရှားနှင့်အတူ ကမ္ဘာ့ဖလားဒုတိယဆုရရှိခဲ့သော ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ လူကာမိုဒရစ်နှင့် ပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားသိမ်းပိုက်ခဲ့သော အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူးဂရစ်ဇ်မန်းတို့ ဆွတ်ခူးရန် ရေပန်းစားနေသည်။
ယင်းဆုဆွတ်ခူးမည်ဟု ရေပန်းစားနေသည့် ထိပ်တန်းသုံးဦး၏ ပေါက်ကြားစာရင်းကို ပြင်သစ်ဂျာနယ်လစ် တစ်ဦးက တွစ်တာမှတစ်ဆင့် ဖော်ပြရာ လူကာမိုဒရစ်က ထိပ်ဆုံးနေရာ၌ ရှိနေသည်။
ဒုတိယနေရာတွင် ပြင်သစ် နောက်ခံလူ ဗာရာနီနှင့် တတိယနေရာတွင် ပြင်သစ်လူငယ်တိုက်စစ်မှူးမက်ဘီ ရှိနေသည်ဟု ယင်းဂျာနယ်လစ်က ဖော်ပြသည်။
၁၉၅၆ ကတည်းက ချီးမြှင့်ခဲ့သော ဘလွန်းဒီအောဆုကို မက်ဆီနှင့် ရော်နယ်ဒိုက ငါးကြိမ်စီဖြင့် အများဆုံး ဆွတ်ခူးထားပြီး ပြင်သစ်ဂန္ထ၀င် မစ်ချယ်ပလာတီနီ၊ နယ်သာလန်ဂန္ထ၀င် ဂျိုဟန် ခရိုက်ဖ်နှင့် နယ်သာလန် တိုက်စစ်မှူးဟောင်း ဗန်ဘက်စတင်တို့ က သုံးကြိမ်စီဖြင့် ဒုတိယအများဆုံး ရရှိထားသည်။
—Ref: mirror/sportskeeda.com