တောင်တရုတ်ပင်လယ်က ကျွန်းတွေပေါ်မှာ တရုတ် မိုးလေဝသစခန်းဖွင့်လှစ်မှု ဗီယက်နမ်ကန့်ကွက်

တောင်တရုတ်ပင်လယ်ပြင်အတွင်း ဒေသတွင်းနိုင်ငံတွေ အငြင်းပွားနေကြတဲ့ စပရက်တလီ ကျွန်းစုတွေပေါ်မှာ တရုတ်အစိုးရက မိုးလေ၀သတိုင်းတာရေးစခန်းတွေ ဖွင့်လှစ်ခဲ့တဲ့အပေါ် ဗီယက်နမ်နိုင်ငံ က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ ဗီယက်နမ်ရဲ့ အချုပ်အခြာအာဏာကို ထိပါးရာရောက်တဲ့အပြင်၊ တောင်တရုတ်ပင်လယ်ပြင်မှာ အခြေအနေတွေကို ရှုတ်ထွေးသွားစေတယ်လို့လည်းပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တရုတ်အစိုးရက စပရက်တလီ ကျွန်းသုံးကျွန်းပေါ်မှာ မိုးလေ၀ဿစခန်းတွေ စတင်အလုပ်လုပ်မှာဖြစ်ပြီး၊ တောင်တရုတ်ပယ်လယ်ပြင်ဒေသတွင်း နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ငါးဖမ်းလှေတွေနဲ့ တခြားသင်္ဘောတွေအတွက် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်တွေ ပေးပို့ကူညီမှာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။  

-Ref: RFA