ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးအမျိုးသမီးညီလာခံကျင်းပရေးညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းအမျိုးသမီးရေးရာညီလာခံ ကျင်းပပြုလုပ်နိုင်ရေးအတွက် တိုင်းအလုပ်အမှုဆောင်အဖွဲ့နှင့် ခရိုင်/မြို့နယ်ပါတီဥက္ကဌများ ၊ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် (၂:၀၀) နာရီအချိန်က တိုင်းပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေးမှုး ပါတီဗဟိုကော်မတီဝင် ဒေါ်အေးမင်းမိုး ရန်ကုန်တိုင်းအမျိုးသမီးရေးရာတာဝန်ခံ ပါတီဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းပါတီဗဟိုကော်မတီဒေါ်သင်းသင်းမိုး တိုင်းပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်နှင့် ခရိုင်ပါတီဥက္ကဌများ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများ တက်ရောက်ကြသည်။
လုပ်ငန်းညိနှိုင်းအစည်းအဝေး အခမ်းအနားတွင် ရှေးဦးစွာ ဗဟိုကော်မတီဝင် တိုင်းအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန်းစန်းဝင်းမှ တိုင်းအမျိုးသမီးညီလာခံ ကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဗဟိုကော်မတီဝင်များ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများမှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးသည်။
ထို့နောက် ဗဟိုအမျိုးသမီးညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များကို လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်ပေးပြီး တိုင်းညီလာခံတွင် ဖျော်ဖြေကြမည့် အကအဖွဲ့များ သံချပ်အဖွဲ့များမှ အစမ်းလေ့ကျင့်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။