အုတ်တွင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေများကို သုံးသပ်ဆွေးနွေး

 

ပဲခူး နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် အုတ်တွင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အား ယမန်နေ့နံနက် ၉ နာရီတွင် မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေး ပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲ၏ အားနည်းချက်၊ အားသာချက်အခြေ အနေများကိုသုံးသပ်၍လိုအပ်သည် များ ပြင်ဆင်ဆောင်ရွက်ရမည့် အကြောင်းအရာများအား မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင် မင်းသိန်းက ချမှတ်ပြီး အုပ်စုအဖွဲ့ ခေါင်းဆောင်များ တာဝန်ယူလုပ် ဆောင်ရမည့် လုပ်ငန်းတာဝန်များ ခွဲဝေပေးခဲ့ကြောင်း သိရသည်။

ကိုကြည်(အုတ်တွင်း)