ကယားပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

လွိုင်ကော် နိုဝင်ဘာ ၇

ကယားပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက် ၁ဝနာရီမှ မွန်းလွဲ ၁နာရီအထိ ပြည်နယ်ပါတီ ရုံးအစည်းအဝေးခန်းတွင်ကျင်းပရာ ပါတီလုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအသေးစိတ်ဆွေးနွေး ခဲ့သည်။

ယင်းအစည်းအဝေးသို့ ဗဟို အလုပ်အမှုဆောင်ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပိုးရယ် အောင်သိန်း၊ ဗဟိုကော်မတီဝင် ဦးကိုရယ်၊ ပြည်နယ်ပါတီနာယက ဦးတောရယ်၊ ပြည်နယ်ယာယီ အတွင်းရေးမှူးဦးကျော်မြင့်၊ပြည်နယ် ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးကျော်သင်း၊ ဦးမော် ရယ်၊ ဦးရဲဝင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်မော်မော်ခိုင်၊ဒေါ်ဗျားမြာမောင်၊ ဒေါ်ဒေါရစ်လေးနှင့် ဒေါ်နန်းယဉ် သီတာထွေး၊ဘောလခဲခရိုင်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်၊ လွိုင်ကော်ခရိုင်ကော်မတီဝင် ဦးတူး ရယ်နှင့် ဦးစူးရယ်၊ လွိုင်ကော် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် ဒေါ်နှင်းနှင်းရီ၊ ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါ်နော်မေးရီယန်၊ ဖရူဆို မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဆားရယ်၊ ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပေါလူ၊ ဘောလခဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ(ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်)ဦးစိုးရယ်နှင့် ဘဏ္ဍာရေးမှူး ဦးယုလွင်၊ ဖားဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင် မောင်ညိုနှင့် မယ်စဲ့မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးလောရင်းတို့ တက်ရောက်ကြောင်း သိရသည်။

မမောင်(ချိကယ်သူ)