အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများကို အကောင်းဆုံးရှောင်လွှဲသွားမည်ဟု အီရန်သမ္မတပြော

အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက အီရန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုက ပြုလုပ်ထားသော စီးပွား ရေးပိတ်ဆို့မှုများကို ကောင်းမွန်စွာ ရှောင်လွှဲသွားနိုင်လိမ့် မည်ဟု တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်သည် အီရန်၏ ရေနံနှင့် ဘဏ္ဍာရေး ကဏ္ဍများကို ပစ်မှတ်ထားကာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ ”အမေရိကန်ရဲ့ တရားမဝင် မမျှတတဲ့ ပိတ်ဆို့မှုတွေကို အီရန်က အကောင်းဆုံး ကျော်လွှား သွား လိမ့်မယ်”ဟု ရုပ်မြင်သံကြားမိန့်ခွန်းတွင် အီရန် သမ္မတ ဟတ်ဆန် ရိုဟာနီက ပြောသည်။

”ကျွန်တော်တို့ဟာ အခုအချိန်မှာ စီးပွားရေးစစ်ပွဲ အတွင်းမှာ ကျရောက်နေတာပါ။ အာဏာကိုအသုံးပြုပြီး အနိုင်ကျင့်နေသူတွေနဲ့ရင်ဆိုင်နေရတာပါ။ အပြည်ပြည် ဆိုင်ရာ သဘောတူညီမှုတွေနဲ့ ဥပဒေတွေကို ဆန့်ကျင် နေသူ တစ်ဦးက အိမ်ဖြူတော်ကို ဝင်ရောက် လာတာဟာ အမေရိ ကန်သမိုင်းမှာ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေး ခဲ့ဖူးဘူး”ဟု အီရန်သမ္မတက ပြောသည်။

အမေရိကန်က လက်ရှိပြုလုပ်သော စီးပွားရေး ပိတ်ဆို့မှုသည် အီရန်နိုင်ငံ၏ ရေနံတင်ပို့မှုကို ပိတ်ဆို့ ရန်နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးစနစ်မှ အီရန် နိုင်ငံကို ဖြတ်တောက်ပစ်ရန် ရည်ရွယ်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် မေလက အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တစ်ခုအဖြစ် အီရန်နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ခဲ့သည်။

-Ref: AFP