ဒီဇင်ဘာလမှာ ဂျပန်နိုင်ငံသား kickboxer သမား နာဆူကာဝါနဲ့ မေ၀ဲသား ထိုးသတ်မယ်

မေ၀ဲသားဟာ ကိုယ်ခံပညာပေါင်းစုံတိုက်ခိုက်ရေးပြိုင်ပွဲကျင်းပတဲ့ ကုမ္ပဏီတစ်ခုနဲ့ လက်မှတ်ထိုးခဲ့ပြီးတဲ့နောက် လာမယ့် ဒီဇင်ဘာလ(၃၁)ရက်၊ ဂျပန်နိုင်ငံမှာ kickboxerသမား နာဆူကာဝါနဲ့ ထိုးသတ်သွားမယ်လို့သိရပါတယ်။

ကမ္ဘာ့ဝိတ်တန်း(၅)ခုချန်ပီယံဟောင်းမေ၀ဲသားဟာ ၂၀၁၇ သြဂုတ်မှာ လက်ဝှေ့ပွဲအဖြစ် UFC နာမည်ကြီး မက်ဂရီဂေါကို အနိုင်ယူပြီး ထိုးသတ်တဲ့ ပွဲ(၅၀)စလုံး အနိုင်ရတဲ့ မှတ်တမ်းကောင်းပိုင်ဆိုင်ခဲ့သူပါ။

လက်တလောမှာ UFC က ခါဘစ်၊ လက်ဝှေ့အကျော်အမေ ပက်ကွီယိုတို့နဲ့ ထိုးသတ်ဖွယ်ရှိတယ်လို့ မေ၀ဲသား ပြောဆိုထားပါတယ်။ kickboxer နာဆူကာဝါနဲ့ထိုးသတ်မယ့် ပြိုင်ပွဲပုံစံနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့သိရပါတယ်။

အသက်(၄၁)နှစ်အရွယ် မေ၀ဲသားက “မတူညီတဲ့ပွဲ ထိုးသတ်ဖို့ ကျွန်တော်ဆန္ဒရှိခဲ့ပါတယ်။ အမေရိကန်ပြင်ပမှာ ကျွန်တော့်ရဲ့စွမ်းရည်ကို ပြသချင်ပါတယ်။ ဒီပွဲက ထူးခြားတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အကောင်းဆုံး ပေးဆပ်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။ ထိုးသတ်မယ့်ပွဲအတွက် ၀ိတ်တန်းနဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ဖို့ လာမယ့်(၂)ပတ်အတွင်း ဆွေးနွေးသွားမယ်လို့ မေ၀ဲသားက ဖွင့်ဟခဲ့ပါတယ်။

အသက်(၂၀)အရွယ်ဂျပန်နိုင်ငံသား နာဆူကာဝါဟာ kickboxing နဲ့ mixed martial arts ပြိုင်ပွဲ(၂)ခုစလုံး ကျင်းပနေတဲ့ RIZIN Fighting Federation မှာ ပါဝင်ယှဉ်ပြိုင်နေသူဖြစ်ပါတယ်။

-Ref: Skysports