ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဖျာပုံမြို့ရှိ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

 

ဖျာပုံ၊ အောက်တိုဘာ ၃ဝ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့သို့ရောက်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအလုပ်မှုဆောင်များသည် ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ချိန်တွင် အောင်နိုင်သူ ဟိုတယ်ခန်းမ၌ ဖျာပုံမြို့မှ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင် လက်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေးအခြေအနေများအား တက်ရောက်လာသည့် မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပွင့်လင်းရင်းနှီးစွာတွေ့ဆုံဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲအား ညနေ ၆ နာရီ ၄၅ မိနစ်ချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

WHT, AMT