လိုင်းယွန်းအဲလိုင်းကလေယာဉ်ပျက်ကျပြီးနောက် ဘိုးရင်း ၇၃၇ မက်စ် လေယာဉ် အားလုံးကို ပြန်စစ်ဆေး မယ်

အင်ဒိုနီးရှားဟာ သူ့နိုင်ငံအတွင်းမှာစီးပွားဖြစ်ပြေးဆွဲအသုံးပြုနေတဲ့ ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်အားလုံး ကို ပြန်လည် စစ်ဆေးဖို့ ညွှန်ကြားလိုက်ပါတယ်။

လိုင်းယွန်းလေကြောင်းလိုင်းရဲ့ ဘိုးရင်း ၇၃၇ မက်စ် ၈ လေယာဉ် ခရီးသည်တင် လေယာဉ်တစ်စင်း ဟာမြို့တော် ဂျာကာတာအနီး ဂျာဗားပင်လယ်ထဲမှာ ပျက်ကျခဲ့ပြီးနောက်မှာ အခုလို လေယာဉ်အားလုံးကို စစ်ဆေးဖို့ ညွှန်ကြားလာတာပါ။

လက်ရှိအချိန်မှာတော့ ခရီးသည်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို ပင်လယ်ထဲ ကနေ ဆယ်ယူ ရရှိထားပြီး၊ ကလေး ဖိနပ်တွေ၊ အိုင်ဒီကဒ် တွေ စတဲ့ သူတို့ ရဲ့ အသုံးအဆောင် ပစ္စည်း တွေကို လည်း ဆယ်ယူ ရရှိထားပြီး လေယာဉ်ကိုယ်ထည်နဲ့ လေယာဉ်ပျံသန်းမှုမှတ်တမ်းတွေကိုတော့ ရှာဖွေနေဆဲဖြစ် ပါတယ်။

ဘိုးရင်းက ၇၃၇ မက်စ် ၈ မော်ဒယ်ကို ပြီးခဲ့တဲ့နှစ်ကမှ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ပျက်ကျသွားခဲ့တဲ့ လေယာဉ်ဟာ လအနည်းငယ်သာအသုံးပြုရသေးတဲ့လေယာဉ်ဖြစ်ပါတယ်။

အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကတော့ အင်ဒိုနီးရှားနိုင်ငံအတွင်းမှာ ပြေးဆွဲနေတဲ့ မက်စ် ၈ လေယာဉ်အားလုံးကို ပြန်လည်စစ်ဆေးသွားမှာပါ၊ ဒါပေမယ့် လေယာဉ်ပျံသန်းခွင့် ကိုတော့ ယာယီရပ်ဆိုင်း ထားမှာဖြစ်တယ်လို့ အင်္ဂါနေ့က ပြောဆိုထားပါတယ်။

-Ref: BBC News