ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပျက်ခဲ့သည့်လေယာဉ်ပေါ်တွင် မပါဘဲ အသက်ရှင်

ယမန်နေ့က ဂျကာတာမြို့မှ ပျံတက်သွားပြီးနော် မိနစ်အနည်းငယ်အတွင်း ဂျာဗားပင်လယ်အတွင်းသို့ ပျက်ကျသွားခဲ့သော လေယာဉ်နှင့် လိုက်ပါရန်လက်မှတ်ဝယ်ယူထားခဲ့သော်လည်း ယာဉ်ကြော ပိတ်ဆို့မှုကြောင့် လေယာဉ်အား မမီလိုက်ဘဲ အသက်ရှင်ကျန်ရစ်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးသည် ၎င်း၏ ကံကောင်းမှု အပေါ် မယုံကြည့်နိုင်အောင်ဖြစ်နေကြောင်း ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြသည်။

အသက်ရှင်ကျန်ရစ်ခဲ့သူမှာ ဆိုနီဆာတီယာဝမ်ဆိုသူဖြစ်ကာ ပျက်ခဲ့သည့် လေယာဉ်ချိန်မီစေရန် သွားရောက်ခဲ့ သော်လည်း မဖြစ်သင့်သည့်နေရာများတွင် ယာဉ်ကြောပိတ်ဆို့မှုများနှင့် ကြုံတွေ့နေခဲ့၍ လေယာဉ်ထွက်ခွာ သွားပြီးမှသာ လေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ပျက်ကျသွားခဲ့သော လေယာဉ်နှင့်အတူ ခရီးသည် ၁၈၉ ဦး ပါရှိသွားခဲ့ကာ အသက်ရှင်လွတ်မြောက်သူ တစ်ဦးမျှ တွေ့ရှိခြင်း မရှိသေးကြောင်း အတည်ပြုခဲ့သည်။

-Ref: Dailymail