တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်နှင့်အဖွဲ့ဝင်များ ရပ်ကွက်နှစ်ခုသို့သွားကာ လူထုနှင့်တွေ့ဆုံ

 

ရန်ကုန် အောက်တိုဘာ ၂၉

တာမွေမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းဦးမျိုးဝင်းကျော်နှင့်အဖွဲ့ဝင် များသည် ယမန်နေ့က ရပ်ကွက် နှစ်ခုသို့သွားကာ လူထုနှင့်ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။
”ဒီနေ့ ညနေပိုင်းမှာတော့ ကျောက်မြောင်းအရှေ့နဲ့ ကျောက် မြောင်း အထက်ရပ်ကွက်နှစ်ခုကို သွားရောက်ပြီး လူထုနဲ့ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်” ဟု ဦးမျိုးဝင်းကျော်ကပြောသည်။

ယခုလအတွင်း၌ မြို့နယ်ကော် မရှင်အဖွဲ့ခွဲသို့ တရားဝင်အကြောင်း ကြားထားပြီး လူထုဟောပြောပွဲ များ ပြုလုပ်သွားမည်ဖြစ်သော ကြောင့် အချိန်နှင့်နေရာအားသည် အတိအကျတင်ထားပြီးဖြစ်ကြောင်း ၄င်းကပြောသည်။

TT