ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မင်္ဂလာတောင်ညွန့်မြို့နယ် ဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မင်္ဂလာတောင်ညွန့်မြို့နယ် ဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနား ကို ဦးအောင်မြက်လမ်းရှိ မြို့နယ် ပါတီရုံးခမ်းမ တွင် ယနေ့(27.10.2018) စနေနေ့ နေ့လည်(3)နာရီတွင်ကျင်းပရာ ဗဟိုအတွင်ရေးမှုး ဒေါက်တာ ဒေါ်စန်းစန်နွယ်တက်ရောက် အမှာစကားပြော ကြားခဲ့ပါသည်။ အခမ်းအနားသို့ ဗဟိုကော်မတီဝင် ဒေါ် စန်းစန်းဝင်း အရှေ့ပိုင်းခရိုင်အတွင်းရေးမှုး ဒေါ်ဇာခြည်လင်း မြို့နယ်ပါတီဥက္ကဠ ဦးဝင်းလှိုင်နှင့်မြို့နယ် ကော်မတီဝင်များ ရပ်ကွက်ပါတီဥက္ကဌ များနှင့်အမျိုးသမီးအဖွဲ့ဝင်များ အင်အား(140)ကျော် တက်ရောက်ခဲ့ကြပါသည်။