ပြည်ပကျူးကျော်မှုများကိုလက်မခံ ဒို့အရေးသုံးပါးကိုဦးထိပ်ထားတဲ့ပါတီဖြစ်တဲ့အတွက် အားကိုးထိုက်တဲ့ပါတီဖြစ်လို့ ယုံကြည်မှုအပြည့်နဲ့ ပါတီဝင်လာတာပါ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်ပါတီရုံးဝင်းအတွင်းရှိ ကွင်းပြင်တွင် ယမန်နေ့နံနက် ၈ နာရီမှ ၁ဝ နာရီအထိ ကျင်းပသော ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး ပြည်သူလူထုအားတွေ့ဆုံပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားတွင် မြစ်ကြီးနားမြို့နယ်မြေ ၁၄ အနောက် အလယ်ကုန်းရပ်ကွက်မှ ပါတီဝင်အသစ်တစ်ဦး ဖြစ်သော ဦးစောသန်း၏ ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်ရခြင်းနှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားမှုများကို ဖော်ပြအပ်ပါသည်။

ကျွန်တော်ကတော့မြစ်ကြီးနားမြို့ ရပ် ကွက်/ကျေးရွာမှ ပါတီဝင်အသစ် ဦးစော သန်းဖြစ်ပါတယ်။ ပါတီဝင်အသစ်များ ကိုယ်စား ကျွန်တော့်အနေနဲ့ ပြည်ခိုင်ဖြိုး ပါတီထဲကိုဝင်ရောက်လာရတဲ့ အကြောင်း ရင်းကိုပြောကြားရရင် ပြည်ခိုင်ဖြိုးပါတီ ဟာ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးက အားကိုး အားထားပြုရမည့် ပါတီတစ်ခု ဖြစ်တယ်ဆိုတာ သိလာရလို့ဖြစ်ပါတယ်။ ယခင် ၂ဝ၁ဝ-၂ဝ၁၅ ခုနှစ် ပြည်ခိုင်ဖြိုး အစိုးရလက်ထက်မှာ နိုင်ငံတော်ဟာ အဘက်ဘက်မှာ အတိုင်းအတာတစ်ခု အထိ တိုးတက်ခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သို့သော် ယခုတိုင်းပြည် ရဲ့တိုးတက်မှုမှာ ရပ်တန့်နေရုံမက နောက် ပြန်ဆုတ်နေတယ်လို့ ခံစားနေရပါတယ်။ ဘာကြောင့်လဲဆိုရင် အခွန်အတုတ်တွေ ပိုများလာတယ်။ ရာဇဝတ်မှုတွေ ပိုများ လာတယ်။ ပြည်သူတွေရဲ့ ဘဝလုံခြုံရေး အဘက်ဘက်အားနည်းလာတယ်။ ပြည် သူတွေရဲ့ စီးပွားရေးကျဆင်းလာတယ်။ ကုန်ဈေးနှုန်းတွေ မတန်တဆတက်လာ တယ်။ အလုပ်အကိုင်အခွင့်အလမ်းနည်း ပါးလာတယ်။ပြည်သူတွေစားဝတ်နေရေး ပိုမိုကျပ်တည်း လာတယ်။ ဒီလိုအကျပ် အတည်း အခက်အခဲတွေကို ဖြေရှင်း ပေးနိုင်မယ့်၊ ကယ်တင်နိုင်မယ့်ပါတီဟာ ပြည်ခိုင်ဖြိုးပါတီဖြစ်မယ်ဆိုတာယုံကြည် လို့ ဒီပါတီထဲဝင်လာတာ ဖြစ်ပါတယ်။

အခုအချိန်မှာဆိုရင် နိုင်ငံရဲ့ရခိုင်ပြည် နယ်ဘင်္ဂါလီပြဿနာဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးရုံ မက အစော်ကားခံနေရတဲ့အခြေအနေမျိုး ဖြစ်နေတယ်။ နိုင်ငံကိုချစ်တဲ့အမျိုးချစ်တဲ့ ကျွန်တော်တို့ပြည်သူတွေက လုံးဝလက် မခံနိုင်ပါဘူး။ပြည်ခိုင်ဖြိုးပါတီဟာ အမျိုး သားအကျိုးစီးပွားကို ဦးထိပ်ထားတဲ့ ပါတီဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံအတွက် အားထားရမယ့် လူငယ်မျိုးဆက်သစ် တွေကို လေ့ကျင့်ပျိုးထောင်ပြီး လူငယ် တွေရဲ့စိတ်ဓာတ်ရေးရာကိုမြှင့်တင်ပေးနေ တာတွေ့ရတယ်။အသက်မွေးဝမ်းကျောင်း ပညာသင်တန်းတွေ ဖွင့်လှစ်ပေးနေတာ တွေ့ရသလို လာမယ့်လတွေမှာ အမျိုး သမီးတွေရဲ့ အခန်းကဏ္ဍမြှင့်တင်ပေးဖို့ အမျိုးသမီးညီလာခံကို ကျင်းပပေးဦးမယ် လို့လည်း သိရတယ်။

ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီအပေါ် ယုံကြည်မှု၊ အားကိုးမှုတွေပိုများလာပါ တယ်။ ပါတီရဲ့မူဝါဒတွေ၊ သဘောထား တွေ၊ ရှေ့လုပ်ငန်းစဉ်တွေကိုလေ့လာလိုက် ရင်လည်း ဒို့တာဝန်အရေးသုံးပါးကို ဦး ထိပ်ထားတာတွေ အမျိုးဂုဏ်၊ ဇာတိဂုဏ် ချစ်မြတ်နိုးတာတွေ၊ အမျိုးသားအကျိုး စီးပွား ဦးထိပ်ထားမှုတွေ၊ ပြည်ပကျူး ကျော်မှုတွေကိုလက်မခံ၊ ကာကွယ်မှုတွေ ကိုတွေ့ရတဲ့အတွက် အားကိုးထိုက်တဲ့ ပါတီဖြစ်တယ်ဆိုတာသိရလို့ ယုံကြည် စိတ် အပြည့်နဲ့ဝင်လာတာ ဖြစ်ပါတယ်။

ယခင် ၂ဝ၁၅ခုနှစ်တုန်းက ပြောင်း လဲချိန်တန်ပြီဆိုတဲ့ စကားလုံးကိုကြား တော့ပိုကောင်းတဲ့ အခြေအနေကို ရောက် မယ်ထင်လို့ နေ့ချင်းညတွင်း ချမ်းသာလာ မယ်လို့ လေပတ်ကားပစ်မှုတွေကိုအထင် ကြီးပြီး လေလှိုင်းလုံးပိမှုတွေလေသေနတ် ပစ်မှုတွေကိုမမြင်ဘဲမဲပေးခဲ့မိတာ အထင် နဲ့အမြင်က တက်တက်စင်အောင်လွဲပြီး အဆိုးဘက်ကို ပြောင်းလဲသွားတာတွေ့ရ တော့ ယူကျုံးမရဖြစ်ခဲ့ရပါတယ်။ ကျွန် တော်တို့ အရမ်းခက်ခဲကျပ်တည်းလာတဲ့ အချိန်မှာ ပြည်ခိုင်ဖြိုးပါတီက လာရောက် ကူညီမှုတွေပြုလုပ်ပေးတယ်။ ကျန်းမာ ရေးစောင့်ရှောက်မှုတွေလုပ်ပေးကြတယ်။ အမျိုးသားရေးကိစ္စတွေမှာ လူမှုရေးကိစ္စ တွေ ဘာသာရေး၊ ယဉ်ကျေးမှုကိစ္စတွေ မှာ လာရောက်ကူညီပေးနေတာတွေ့ရ တော့ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။ ဒါ ကြောင့် ပြည်ခိုင်ဖြိုးပါတီထဲကို ယုံကြည် စိတ်အပြည့်နဲ့ ဝင်ရောက်လာတာဖြစ် တယ်လို့ ပြောကြားလိုပါတယ်။

သုတ(မန္တလေး)