ဗဟိုအမျိုးသမီးညီလာခံအကြို ဆားလင်းကြီးမြို့နယ် ​ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးနှီး​နှောဖလှယ်​ပွဲကျင်းပပြုလုပ်

 

ဆားလင်းကြီး၊ အောက်တိုဘာ (၁၈)

ယင်းမာပင်​ခရိုင်​၊ ဆားလင်းကြီးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံးတွင်​ ဗဟိုအမျိုးသမီးညီလာခံအကြို ဆားလင်းကြီးမြို့နယ်​ အမျိုးသမီးနှီး​နှောဖလှယ်​ပွဲ အခမ်းအနားကို (၁၈-၁၀-၂၀၁၈)​ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနား အစီအစဉ်​ပထမပိုင်းတွင်​ သဘာပတိအဖွဲ့ နေရာယူပြီး​နောက်​ အခမ်းအနားကို နိုင်​ငံ​တော်​အလံအား အ​လေးပြု၍ နိုင်​ငံ​တော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ခဲ့သည်​။
ထို့​နောက် ယင်းမာပင်​ခရိုင်​ ပါတီ​အတွင်း​ရေးမှူး ဦး​မြင့်စိုးက အဖွင့်အမှာစကား​ပြောကြားပြီး အခမ်းအနား ကျင်းပပြုလုပ်​မည့်အစီအစဉ်​များ
ကို အမှတ် ​(၂) ရပ်​ကွက်​က ပါတီဝင်​ ​ဒေါ်စိမ်းမို့မို့်က ရှင်းလင်းတင်​ပြပြီး အခမ်းအနားပထမပိုင်းအစီအစဉ်​များ ကျင်းပပြီးစီးခဲ့သည်​။
ထို့နောက် ရပ်​ကွက်​နှင့်​ကျေးရွာအုပ်​စုများအလိုက်​ အစုအဖွဲ့ (၄) ဖွဲ့ ဖွဲ့စည်း၍ ​ဆွေး​နွေးခဲ့ကြပြီး စာတမ်းဖတ်​ကြားတင်​ပြမည့် ကိုယ်​စားလှယ်​များ ​ရွေးချယ်​ခြင်းကို ဒုတိယပိုင်းအစီအစဉ်​တွင်​ ​ဆောင်​ရွက်​ခဲ့ကြသည်​။
အခမ်းအနားတတိယပိုင်းတွင် သဘာပတိအဖွဲ့မှ ပြန်​လည်​​နေရာယူပြီး​နောက်​ နှီး​နှောဖလှယ်​ပွဲတွင်​ အစုအဖွဲ့အလိုက်​ မှတ်​တမ်းတင်​​ ​ဆွေး​နွေးခဲ့ကြ​သော စာတမ်းများဖြစ်​သည့် မြန်​မာအမျိုးသမီးများနှင့် မြန်​မာ့နိုင်​ငံ​​ရေးအခန်းကဏ္ဍ မြှင့်​တင်​​ရေးစာတမ်းကို ဆားလင်းကြီးမြို့နယ် မင်း​တောကျးရွာမှ ပါတီဝင်​ ​ဒေါ်ကြူကြူ​ဆွေက လည်း​ကောင်း၊ မြန်​မာအမျိုးသမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်​​ရေးစာတမ်းကို ကျွဲခို​တောကျးရွာမှ ပါတီဝင်​ ​ဒေါ်သွယ်​သဉ္ဇာ​ဝေက လည်း​ကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ် ​ဇာတိဂုဏ်​ ထိန်းသိမ်း​ရေး အမျိုးသမီးများ၏အခွင့်​အ​ရေးများကိုရိုးရာယဉ်​​ကျေးမှု
ဓ​လေ့ထုံးစံနှင့်အညီ အ​ကောင်​အထည်​​ဖော်​ဆောင်​​ရေးစာတမ်းကို​ အမှတ် ​(၃) ရပ်​ကွက်​မှ ပါတီဝင်​ ​ဒေါ်​အေး​အေး​မော်​က လည်း​ကောင်း၊ အမျိုးသမီးပါတီဝင်​သစ်​များ စု​​ဆောင်း​ရေးနှင့်​ ၂၀၂၀ ခုနှစ်​ ​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေးအတွက်​ ပါတီဝင်​အမျိုးသမီးများအား စဉ်​ဆက်​မပြတ် ​​လေ့ကျင့်ပျိုးထာင်​​ပေး​ရေးစာတမ်းကို အမှတ်​ (၁) ရပ်​ကွက်​မှ ​ဒေါ်မြတ်​မြတ်​​အောင်​က လည်း​ကောင်း ဖတ်​ကြားတင်​သွင်းခဲ့ကြသည်​။
ထို့​နောက်​ ဆားလင်းကြီးမြို့နယ်​၊ အမျိုးသမီးနှီး​နှောဖလှယ်​ပွဲ၏ ​တွေ့ရှိချက်​များ မှတ်​တမ်းတင်​ခြင်းနှင့် ​ရှေ့လုပ်​ငန်းစဉ်​များကို ဆားလင်း
ကြီးမြို့နယ်​ ဘုတ်​စု​ကျေးရွာမှပါတီဝင်​ ​ဒေါစုမွန်​စိုးက တင်​သွင်းပြီးသဘာပတိမှ မှတ်​တမ်းတင်​ခြင်း၊ အတည်​ပြုခြင်းနှင့် ​ရှေ့လုပ်​ငန်းစဉ်​များ အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​ရန်​ ဆုံးဖြတ်ပြီး​နောက်​ ဆားလင်းကြီးမြို့နယ်ပါတီဥက္ကဋ္ဌ ​ဒေါကြူကြူစိန်​က နိဂုံးချုပ်​အမှာစကား​ပြော
ကြားခဲ့ကာ အခမ်းအနားအား ပြည်​ခိုင်​ဖြိုး​ဟေ့​ ​တေးသီချင်း သံပြိုင်​သီဆို၍ ရုပ်​သိမ်းခဲ့ပါသည်​။
အခမ်းအနားသို့ စစ်​ကိုင်းတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီကော်မတီဝင်များဖြစ်​ကြသည့် ​ဦး​စောမြင့်ဦး၊၊ ​ဒေါ်သိင်္ဂီဝင်း​ရွှေ (တိုင်းအမျိုးသမီး​ရေးရာအဖွဲ့ဝင်​)၊​ ဒေါ်ယဉ်​မာဝင်း(တိုင်းအမျိးသမီး​ရေးရာအဖွဲ့ဝင်​)၊ ယင်းမာပင်​ခရိုင်ပါတီအတွင်း​ရေးမှူး ဦး​မြင့်​စိုးနှင့် ခရိုင်​အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်ခင်​နှင်းမာနှင့် ပါတီ​ကော်မတီဝင်များ၊ ဆားလင်းကြီးမြို့နယ်ပါတီဥက္ကဋ္ဌ ​ဒေါကြူကြူစိန်​နှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များ ရပ်​ကွက်​/ ​ကျေးရွာအုပ်​စုများမှ ပါတီဝင်​အမျိုးသမီးများ၊ စုစု​ပေါင်းအင်​အား (၁၆၀) ဦးတက်​​ရောက်​ခဲ့​ကြပါသည်​။