မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မိတ္ထီလာ အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့နံနက် ၁ဝနာရီခွဲမှ ၁၁နာရီခွဲ အထိလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကြသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်း အဝေးပွဲသို့ မိတ္ထီလာမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးစိုးအောင်၊ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ်ပါတီအတွင်း ရေးမှူး ဦးချစ်ထွေး၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအုံးဌေး၊ စိုက် ပျိုးရေးဦးစီးဌာနမှူး၊ သမဝါယမ ဒု/လက်ထောက်ဦးစီးမှူး၊ မိတ္ထီလာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနဦးစီးမှူး ဦးအေးဇော်မြင့် နှင့် ခရိုင်ကျေးလက်ဦးစီးဌာန၊ မြို့ နယ်ကျေးလက်ဦးစီးဌာနများမှ ဝန် ထမ်းများတက်ရောက်ကြသည်။

အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဦးစိုးအောင်ကအဖွင့်အမှာ စကားပြောကြားခြင်း၊ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအေးဇော်မြင့်က မိတ္ထီလာမြို့နယ်ရှိကျေးလက်ဒေသ များဖွံ့ဖြိုးရေး ဆောင်ရွက်ပြီးစီးမှု၊ ရှေ့ဘဏ္ဍာရေးနှစ်အတွက် ဖွံ့ဖြိုး ရေးဆောင်ရွက်ရန်စီစဉ်ထားမှုများ ကိုရှင်းလင်းတင်ပြပြီး လွှတ်တော် ကိုယ်စားလှယ်များနှင့်တက်ရောက် လာကြသည့်ဌာနဆိုင်ရာများက လုပ်ငန်းညှိနှိုင်းဆုံးဖြတ်ကြကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)