ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုပါတီ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်
ဆိပ်ဖြူ၊၊ အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားကို အစီအစဉ် ၃ ခုခွဲ၍ ကျင်းပကြပြီး ပခုက္ကူခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်းနှင့် မြို့နယ်ပါတီဥက္ကဌ ဦးလှဆောင် တို့က အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ အစုအဖွဲ့များခွဲ၍ နှီးနှောဖလှယ်ပွဲတွင် တင်သွင်းမည့် စာတမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆွေးနွေးဖတ်ကြားခြင်း၊ ဆွေးနွေးတင်သွင်းသော စာတမ်းများအပေါ် သဘာပတိမှ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်းနှင့် ရှေ့လုပ်ငန်းများချမှတ်ခြင်းတို့ကို ဆောင်ရွက်ကြပြီးနောက် မြို့နယ်ပါတီဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် အခမ်းအနားကို ပြည်ခိုင်ဖြိုးဟေ့သီချင်း သံပြိုင်သီဆို၍ ပြီးမြောက်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ ပခုက္ကူခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်း၊ မြို့နယ်ပါတီဥက္ကဌဦးလှဆောင်၊ အတွင်းရေးမှူး ဦးလေးမောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သန္တာစိုးနှင့် ရပ်/ကျေး (၄၆) အုပ်စုမှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ပါတီဝင်များ စုစုပေါင်း.အင်အား ၂၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းဇော်