ကုလအထူးကိုယ်စားလှယ် ကချင်ပြည်နယ်သို့ ပထမဆုံးအကြိမ် ယနေ့သွားမည်

ကုလသမဂ္ဂအတွင်းရေး မှူး၏အထူးကိုယ်စားလှယ်သည် ကချင်ပြည်နယ်သို့ ယနေ့ (အောက်တိုဘာ ၁၇ ရက်)တွင် သွားရောက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာ နဒုဝန်ကြီး ဦးစိုးအောင်က ပြောသည်။ ကုလအထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှယန်နာဘာဂီနာသည် ရခိုင်ပြည်နယ်သို့ လေးရက် ကြာသွားရောက်ပြီးနောက် ကချင် ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်ကာ ခရီးစဉ် နှစ်ရက်ခန့်    ကြာမြင့်မည်ဖြစ် ကြောင်း အထက်ပါဒုဝန်ကြီးက ရှင်းပြသည်။

‘‘ဘယ်တွေသွားမယ်၊ ဘယ် သူတွေနဲ့တွေ့မယ်ဆိုတာ ကချင် ပြည်နယ်အစိုးရအဖွဲ့က စီစဉ်မှာ ပါ’’ဟု ဒုဝန်ကြီး ဦးစိုးအောင်ကဆိုသည်။ မစ္စခရစ္စတင်းရှယန်နာဘာဂီ နာသည် ယမန်နေ့တွင် စစ်တွေ မြို့၌ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံ ရေးပါတီအချို့တို့နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံခဲ့ သည်။

ထို့အပြင် ၎င်းသည် စစ်တွေမြို့အနီးရှိ သက္ကယ်ပြင်ကျေးရွာ၌ နေထိုင်သော ဘင်္ဂါလီဒုက္ခသည် များအား  သွားရောက် တွေ့ဆုံခဲ့သည်။ မစ္စခရစ္စတင်းရှယန်နာဘာဂီနာသည် ဇွန်လအတွင်းက လာရောက်ခဲ့သော ၎င်း၏ ပထမအကြိမ်ခရီးစဉ်အပြီးတွင် ကချင်နှင့် ရှမ်းပြည်နယ်တို့၌ အကြမ်းဖက်မှုများ ပြင်းထန်နေမှုနှင့် အရပ်သား များအပေါ် သက်ရောက်မှုများကို စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားပြီး နောက်တစ်ကြိမ်ခရီးစဉ်၌ ယင်းဒေသ များသို့ သွားရောက်နိုင်ရန် မျှော်လင့်ကြောင်း သတင်းထုတ်ပြန်သည်။