ဒဂုံဆိပ်ကမ်းပြည်ခိုင်ဖြိုး ဗဟိုအမျိုးသမီးညီလာခံကြိုဆို ရွှေသံလွင်ဘိုးဘွားရိပ်သာတွင် သန့်ရှင်းရေးဆောင်ရွက်

 

ရန်ကုန် အောက်တိုဘာ ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ပါတီ ကော်မတီမှ ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုထောက်ခံသောအားဖြင့် ယမန်နေ့ နံနက် ၇ နာရီခွဲက စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုပွဲအား ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် အမှတ်(၈ဝ)ရပ်ကွက် ကွမ်အပ်သား မင်းသားလမ်းနှင့် ပုဏ္ဏမီလမ်းထောင့် ရွှေ သံလွင်ဘိုးဘွားရိပ်သာတွင် ကျင်းပခဲ့သည်။

ဘိုးဘွားရိပ်သာရှိ ဘိုးဘွား ၆၈ဦးအား ခေါင်းလျှော်၊ လက်သည်း ခြေသည်းညှပ်၊ စောင်၊ အဝတ်အစားများ လျှော်ပေးခြင်း၊ အခန်းအတွင်းအပြင် သန့်ရှင်းရေး ပြုလုပ် ခြင်း၊ ရိပ်သာခြံစည်းရိုးအတွင်း မြက်ပင်များ အား မြက်ရိတ်စက်များဖြင့် ရိတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးပါတီကော်မတီမှအမျိုးသမီးရေးရာ တာဝန်ခံ ဗဟိုကော်မတီဝင်ဒေါ်စန်းစန်းဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် နယ်မြေ တာဝန်ခံ ဒေါ်အေးအေးမြင့်၊ အရှေ့ပိုင်းခရိုင် ဘဏ္ဍာရေးမှူးဦးဝဏ္ဏမျိုး၊ ခရိုင်ကော်မတီ ဝင် အမျိုးသမီးတာဝန်ခံ ဒေါ်လဲ့လဲ့အေး၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးခင်ဝင်း၊ အတွင်းရေးမှူး ဦးခင်မောင်ဝင်း၊ ဘဏ္ဍာရေးမှူး ဦးဇင်မင်း ထွန်း၊ အမျိုးသမီးတာဝန်ခံ ဒေါ်ဇာဇာမြင့်၊ အမျိုးသမီးနှင့်လူငယ်အင်အား ၆၅ ဦးတို့က စုပေါင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းထွန်း(ဒဂုံဆိပ်ကမ်း)