ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးများနှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်

 

ဖေါင်းပြင်၊ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖေါင်းပြင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီရုံးခန်းမတွင် ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးများ တွေ့ဆုံနှီးနှောဖလှယ်ပွဲကို အောက်တိုဘာလ ၁၀ ရက် ၁၁ ရက်နေ့များ၌ နှစ်ရက်တာမျှ ပြူလုပ်ကျင်းပကြပါသည်။
ပထမနေ့ ၁၀ရက် အောက်တိုဘာ ၂၀၁၈ ရက်နေ့ ညနေ (၀၃:၀၀) နာရီအချိန်တွင် အခမ်းနားကိုစတင် ဖွင့်လှစ်ပါသည်။
ယင်းအခမ်းနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အမတ် မော်လိုက်ခရိုင်တာဝန်ခံ ဦးခင်မောင်ထွန်း၊ မော်လိုက်ခရိုင်ပါတီကော်မတီ ဦးတင်မင်းထွဋ်၊ ဦးအောင်နိုင်ဦး၊ ဖေါင်းပြင်မြို့နယ်ပါတီဥက္ကဌ ဦးနေဝင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်ပါတီကော်မတီများ၊ ချက်ပြူတ်ရေးတာဝန်ခံ မြို့နယ်ပါတီအရံကော်မတီများ (၁၀) ဦး အကြိုအပို့တာဝန်ယူထားသည့် ရပ်ကျေးပါတီဥက္ကဌများ (၁၇) ဦး အမျိုးသမီးကိုယ်စားလှယ်များ (၁၀၅) ဦး စုစုပေါင်းအင်အား (၁၄၇) ဦးတက်ရောက်ခဲ့ကြပါသည်။
ရှေ့ဦးစွာ နိုင်ငံတော်အလံကို နိုင်ငံတော်သီချင်းသံပြိုင်ရွတ်ဆို၍ အလေးပြုကြပါသည်။ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အမတ် မော်လိုက်ခရိုင်တာဝန်ခံ ဦးခင်မောင်ထွန်းမှ အခမ်းနားသို့ တက်ရောက်လာကြသည့် အမျိုးသမီးကိုယ်စားလှယ်တော်များအား ရင်းနှီးဖော်ရွေစွာဖြင့် နှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားသွားပါသည်။
၎င်းနောက် ဖေါင်းပြင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဥက္ကဌ ဦးနေဝင်းမှပြောကြားရာ ယနေ့အမျိုးသမီးထုတစ်ရပ်လုံး၏ ဘဝလုံခြုံရေး၊ အမျိုးသမီးများသည် အမျိဲးသားများနှင့် တန်းတူညီတူအခွင့်အရေး ရရှိနေသည့်ကာလဖြစ်၍ တိုင်ပြည်နှင့်နိုင်ငံအကျိုးစီးပွားကို သယ်ပိုးကြရာတွင် ဖခက်လွှဲသောလက်သည် တိုင်းပြည်ကိုအုပ်စိုးနိုင်သည့် ဇွဲလုံ့လ ဝိရိယ ညဏ်ပညာ အသိပညာအတတ်ပညာတို့ဖြင့် ရှေ့တန်းမှ မားမားမတ်မတ်ဆောင်ရွတ်နိုင်ကြရန် အမျိုးဘာသာ သာသနာ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိမ်းသိမ်းစောင့်ရှောက်သွားကြပါစေလိုကြောင်းများကို ဆွေးနွေမှာကြားသွားပါသည်။
ဆက်လက်၍ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်ဝင်းမှလည်း ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးများတွေ့ဆုံနှီးနှောဖလှယ်ပွဲ ပြုလုပ်ရခြင်းအကြောင်းနှင့်စပ်လျင်း၍ ရည်ရွယ်ရည်မှန်းချက်များကို အသေးစိတ် ရှင်းလင်းပြောကြားသွားပါသည်။
ပထမနေ့အစီအစဉ်အရ အခမ်းအနားကို ညနေ (၀၅:၀၀) နာရီတွင်ခေတ္တရပ်နားပြီး ညနေစာထမင်း လက်ဆုံစား၍ ည (၀၇:၀၀) နာရီတွင် တက်ရောက်လာကြသည့် အမျိုးသမီးများအား အစုအဖွဲ့ (၄) စုဖွဲ့ကာ ခေါင်းစဉ်တစ်ခုစီဖြင့် ဆွေးနွေးခြင်း၊ ရရှိလာသော ရလာဒ်အဖြေများကို မှတ်သားပြီး စာတမ်းဖတ်ခြင်းများပြုလုပ်၍ ည (၁၀:၃၀) တွင် တနေ့တာအစီအစဉ် ရပ်နားခဲ့ပါသည်။
၁၁ ၁၀ ၂၀၁၈ ရက်နေ့ နံနက် (၈:၃၀) နာရီအချိန် အခမ်းအနား ပြန်စကြပြီး ယမန်နေ့ညမှ အစုအဖွဲ့အလိုက် ခေါင်းစဉ်တစ်ခုစီဖြင့်ဆွေးနွေးအဖြေထုတ်ထားသည်များကို အစုအဖွဲ့ခေါင်းဆောင်လေးဦးမှ ဖတ်ကြားကြပါသည်။ နေ့လည် (၁၁:၀၀) နာရီအချိန်တွင် နံနက်စာထမင်းဟင်းလျာများဖြင့် ကျွေးမွေးဧည့်ခံပြီး နေ့လည် (၁၂:၀၀) နာရီအချိန် အခမ်းအနားပြန်စပြီး အမျိုးသမီးနာယကကြီးတစ်ဦးမှ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲ နှင့် ၂၀၂၀ ပြည်ခိုင်ဖြိုပါတီအောင်နိုင်ရေး၊ အမျိုးဘာသာသာသနာကို ထိမ်းသိန်းစောင့်ရှောက်နိုင်ကြစေရန် ပြောကြားသွားပါသည်။
၎င်းနောက် မြို့နယ်ပါတီဥက္ကဌကြီးမှ နိဂုံးချုပ်စကားပြောပြီးလျင် ညနေ (၀၃:၀၀) နာရီတွင် အခမ်းနား အောင်မြင်စွာပြီးဆုံးကြောင်း ကြေငြာ၍ ပြည်ခိုင်ဖြိုးသီချင်းဖြင့် ဗဟိုအမျိုးသမီးညီလာခံအကြိုအမျိုးနှီးနှောဖလှယ်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

မျိုးမြင့်အောင် (ဖေါင်းပြင်)