ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ
နေပြည်တော် အောက်တိုဘာ ၁ဝ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒက္ခိဏသီရိမြို့ နယ်ရုံး၌ ယမန်နေ့နံနက် ၉ နာရီက ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပခဲ့သည်။ အခမ်းအနားကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပရာတွင် နိုင်ငံတ်ာအလံအားအလေးပြု ပြီး နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အခမ်းအနားမှူးအဖြစ် ဒေါ်ဇင်မာမြင့်နှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ဒေါ်သီတာက တာဝန်ယူဆောင် ရွက်ခဲ့ကြသည်။ အခမ်းအနားပထမပိုင်းတွင် သဘာပတိ ဒေါ်တင် မိုးခိုင်နှင့်သဘာပတိအဖွဲ့ဝင်များ နေရာယူပြီးနောက် နေပြည်တော် ခရိုင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက နှုတ်ခွန်းဆက်အမှာစကားပြော ကြားခဲ့သည်။ ထို့နောက် နေပြည်တော်ခရိုင်ကော်မတီဝင် ဗဟို အမျိုးသမီးရေးရာ တာဝန်ခံဒေါ်ယဉ်ယဉ်အေးက အမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပမည့်အစီအစဉ်များ ရှင်း လင်းပြောကြားခဲ့သည်။
အခမ်းအနားဒုတိယပိုင်းတွင် အစုအဖွဲ့လေးဖွဲ့တို့က(က)အမျိုး သမီးများနှင့် မြန်မာနိုင်ငံရေးအခန်းကဏ္ဍမြှင့်တင်ရေး၊ (ခ) အမျိုး သမီးများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ (ဂ) အမျိုးသမီးထုအတွင်း အမျိုးဂုဏ်၊ ဇာတိ ဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏အခွင့်အရေးများကို ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင် ရွက်ရေး၊ (ဃ) အမျိုးသမီးပါတီဝင်သစ်များစုဆောင်းရေးနှင့် ၂ဝ၂ဝပြည့်နှစ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုး သမီးများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေး စာတမ်းများ ဆွေးနွေးပြုစု၍ ဖတ်ကြားတင်သွင်းခဲ့ကြသည်။
အခမ်းအနားတတိယပိုင်း ပြန်လည်ကျင်းပရာတွင် အစုအဖွဲ့ လေးဖွဲ့မှ ဆွေးနွေးတင်သွင်းခဲ့သော ဆွေးနွေးချက်၊ တွေ့ရှိချက်များ ကို သဘာပတိ ဒေါ်တင်မိုးခိုင်က အစည်းအဝေးအတည်ပြုချက် ရယူ၍ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ချက်ချ ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဒက္ခိဏသီရိမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော်မျိုးနိုင်က အခမ်းအနားနိဂုံးချုပ် အမှာစကားပြောကြားကာ ပြည်ခိုင်ဖြိုးဟေ့ သီချင်းဖြင့် အခမ်းအနားကို ပြီးဆုံးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေး ဝင်း၊ အမျိုးသမီရေးရာတာဝန်ခံ ပြည်ထောင်စုနယ်မြေကော်မတီ ဝင် ဒေါ်သီတာထွေး၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင် နိုင်ဦး၊ ခရိုင်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ယဉ် ယဉ်အေး၊ ခရိုင်ကော်မတီဝင် ဦးတင်ဦး၊ ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူကျော်၊ နယ်မြေတာဝန်ခံ ခရိုင်ကော်မတီဝင် ဦးခင်မောင် ထွန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်မျိုးနိုင်နှင့်ကော်မတီဝင်များ၊ ဥတ္တရသီရိမြို့နယ်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ လယ်ဝေးမြို့နယ် ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ အမျိုးသမီး အဖွဲ့ဝင်များဖြင့်အင်အား၂ဝဝခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်အောင်