ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

နောင်ချို အောက်တိုဘာ ၇

နောင်ချိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီက ဗဟို အမျိုးသမီးညီလာခံ အကြိုနှီးနှော ဖလှယ်ပွဲကျင်းပရာ ပြည်နယ်ပြည် ခိုင်ဖြိုး ပါတီကော်မတီဝင် ဦးခင် မောင်ချို၊ ခရိုင်ပြည်ခိုင်ဖြိုးမှ ခရိုင်အတွင်းရေး မှူးဦးသန်းထိုက် ဇော်၊ တာဝန်ရှိ ကော်မတီဝင် ဦးအောင်ဝင်းလေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးချိန်ကြီးနှင့် အတွင်းရေးမှူး ဦးကျော်မြင့်နိုင်၊ မြို့နယ် ကော်မတီဝင်များ၊ ရပ်/ ကျေးဥက္ကဋ္ဌများ၊ ရပ်ကျေးအသီး သီးမှ ပါတီဝင်အမျိုးသမီးများ စုစု ပေါင်းအင်အား ၂၂၃ ဦးတက် ရောက်ကြသည်၊။

အခမ်းအနားကို နိုင်ငံတော် အလံအလေးပြုခြင်းဖြင့် စတင် ခဲ့ပြီး အဖွင့်အမှာစကားကို မြို့နယ် ပါတီဥက္ကဋ္ဌဦးချိန်ကြီးကပြောကြား ပေးခဲ့ပြီး ဈေးရပ်ကွက်၊ တောင် ရပ်ကွက်အမျိုးသမီးပရဟိတအဖွဲ့ များအား ထောက်ပံ့ကြေးချီးမြှင့် ခြင်းနှင့် မြို့နယ်ပါတီကော်မတီ ဝင်ဦးညွန့်ဝင်း၏ဇနီး ကျန်းမာရေး အတွက်ထောက်ပံ့ပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။