ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် ကြက်တက်ညောင်ပင်ကျေးရွာ ပြည်သူများနှင့်တွေ့ဆုံ
၂၀၁၈၊ အောက်တိုဘာလ ၄ ရက်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့် နှင့် မြို့နယ်ဥက္ကဋ္ဌ ဦးလွင်မင်းသိန်း၊ မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ အောက်တိုဘာ (၄) ရက်နေ့နံနက် (၀၉:၀၀) နာရီအချိန် ကြက်တက်ညောင်ပင်ကျေးရွာအုပ်စု ကြက်တက်ညောင်ပင်ကျေးရွာ ဦးထွန်းဇော်ဦး နေအိမ်၌ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပါသည်။
တွေ့ဆုံပွဲ၌ ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့်က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်နှင့် မဲဆန္ဒရှင် ပြည်သူများအား မိတ်ဆက်ပေးပြီး ပါတီ၏မူဝါဒလမ်းစဉ်များ လက်ရှိနိုင်ငံရေးအခြေနေများ ရှင်းလင်းပြောကြားပါ သည်။ ထို့နောက် မဲပေးရမည့်နေ့ရက် အချိန်များ မဲပေးပုံနည်းစနစ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် မြို့နယ်ဥက္ကဋ္ဌ ဦးလွင်မင်းသိန်းမှလည်း လက်ရှိ နိုင်ငံအတွင်းဖြစ်ပေါ်နေသော အခြေအနေများကို ရှင်းလင်းဆွေးနွေးပါသည်။
၎င်းနောက် အုတ်တွင်းမြို့နယ် အမှတ် (၁) နယ်မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က မဲဆန္ဒရှင် ပြည်သူများအား နှုတ်ခွန်းဆက်စကားပြောကြားပြီး မိမိသည် မဲဆန္ဒရှင်ပြည်သူများ၏ ကြုံတွေ့နေသောအခက်ခဲ များ သဘောထားဆန္ဒများကို အလေးထားပြီး ဆောင်ရွက်ပေးလိုကြောင်း လုပ်ဆောင်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းရပ် များကိုလည်း ပြန်လည်အကောင်ထည် ဖော်လိုကြောင်း သို့ဖြစ်ပါ၍ မိမိကိုယ် ယုံကြည်စွာဖြင့် မဲပေးကြရန် စည်းရုံး ဟောပြောပါသည်။ ထို့နောက် စည်းရုံးဟောပြောပွဲကို နေ့လည် ၁၂းဝဝ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သတင်း ရရှိပါသည်။
နေကာယံ (အုတ်တွင်း)