ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး မ​ကွေးတိုင်း​ဒေသကြီးအတွင်းရှိ စေတီ​တော်​မြတ်​များအား ဖူး​မျှော်​ကြည်​ညို၍ အလှူ​ငွေ​ပေးအပ်​လှူဒါန်း

အောက်တိုဘာ ၄၊ မင်းဘူး

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ ယမန်နေ့နံနက်​ ၁၀ နာရီ ၃၀ မိနစ်ချိန် တွင် မင်းဘူးခရိုင်​၊ ပွင့်ဖြူမြို့နယ်​ရှိ စန္ဒကူး​နံ့သာကျာင်း​တော်​ရာ​ စေတီ​တော်​မြတ်​ကြီးအား ဖူး​မျှော်​ကြည်​ညို၍ အလှူ​ငွေများ ​ပေးအပ်​လှူဒါန်းခဲ့ပြီး​နောက်​ ​စေတီ​တော်​မြတ်​ကြီးအကျိုး​တော်​​ဆောင်​ချုပ်​နှင့်​ ​ကျောင်းကြီး​ကျောင်းဆရာ​တော်​ အရှင်​ဓမ္မစာရအား ဖူး​မျှော်​ကြည်​ညိုပူဇော်​၍ သင်္ကန်းအစရှိ​သော လှူဖွယ်​ပစ္စည်းများနှင့်​ အလှူ​ငွေများ ဆက်ကပ်​လှူဒါန်းခဲ့သည်​။

၎င်းနောက် ပါတီဥက္ကဋ္ဌနှင့်​အဖွဲ့သည်​ ၁၁ နာရီ၄၅မိနစ်​ခန့်​က မုန်း​ချောင်း​ရေတိုက်​စားမှု​ကြောင့်​ ပျက်​စီးယိုယွင်းမှု များ ဖြစ်​​ပေါ်ခဲ့ရ​သော ပွင့်​ဖြူမြို့နယ်​၊ ရွှေ​လှေအုပ်​စု၊ ရွာ​ထောင်​​ကျေးရွာ၊ ဘုရားငါးဆူဘုရားသို့ ​ရောက်​ရှိလာကာ ဘုရားငါးဆူဘုရားအား ဖူး​မျှော်​ကြည်​ညိုပြီး ဘုရားဘက်​စုံပြုပြင် ​ပြန်​လည်​မွန်းမံနိုင်​ရန်​အတွက်​ အလှူ​ငွေများ ဆက်ကပ်​လှူဒါန်းခဲ့သည်​။

ထိုသို့ လှူဒါန်းရာသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​ဇနီး​ ဒေါ်စိုးဝတ်​ရည်​၊ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေး၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်​ ဦးဝဏ္ဏ​မောင်​လွင်​နှင့်​ ဒေါ်လင်းလင်းတင်​၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော ဦး​သောင်း​အေး၊ ဦးလှသိန်း၊ ဦးတင်​​အောင်​ချစ်​၊ မကွေးတိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ​​ ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ ဗဟို​ကော်​မတီဝင်​ ဒေါက်​တာနန္ဒာလှမြင့်​၊ ပြည်​နယ်​ပါတီ​ကော်​မတီဝင်​များ၊ ခရိုင်​နှင့်​မြို့နယ်​များမှ ပါတီ​တာဝန်​ရှိသူများလိုက်​ပါခဲ့​ကြသည်​။