မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွားသင်တန်း) ၁/၂ဝ၁၈ ဖွင့်လှစ်

မိုးမောက်၊ အောက်တိုဘာ ၎

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး ကျင်းပသာ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွားသင်တန်း) ၁/၂ဝ၁၈ ဖွင့်ပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက ကြေးနန်းရပ်ကွက်မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ အတွင်းရေးမှူး ဒေါ်ဝိုင်း၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းစိုးစိုးအောင်၊ ဘဏ္ဍာရေးမှူး ဦးကျော်စွာဝင်း၊ မန်စီမြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းကြိုင်၊ ဗန်းမော်မြို့နယ် ပါတီကော်မတီဝင် ဘဏ္ဍာရေးမှူး ဦးဘရန် တောင်၊ မိုးမောက်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးထွန်းနိုင်၊ အတွင်းရေးမှူး ဦးဒါရှီတူးလွန်နှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသားသင်တန်းသူများ စုစုပေါင်း ၅၁ ဦး တက်ရာက်ခဲ့ကြသည်။ရှေးဦးစွာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေးက အမှာစကားပြောကြား၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။အဆိုပါသင်တန်းကို ယနေ့မှ ယခုလ ၆ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၄၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆီမီးခုံ – နန်းရီ