တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် သရက်ပင်မောင်နှမကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာ ရေလျှံကျေးရွာ ပြည်သူများနှင့်တွေ့ဆုံပွဲသို့ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း တက်ရောက်အမှာစကားပြောကြား

 ၂၀၁၈ အောက်တိုဘာလ ၄ ရက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့် နှင့် မြို့နယ်​ဥက္ကဋ္ဌ ဦးလွင်​မင်းသိန်း မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ ယမန်နေ့နံနက် (၀၉:၀၀) နာရီအချိန် ​သရက်​ပင်​​မောင်​နှမကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာ ဦးဖိုးချို နေအိမ်၌ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပါသည်။
တွေ့ဆုံပွဲတွင်​ ပြည်​​ထောင်​ကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းမှ မိမိပါတီ၏လက်​ရှိ​ဆောင်​ရွက်​​နေ​သော မူဝါဒများနှင့် လာမည့်ကာလ၌ ဆက်​လက်​​ဆောင်​ရွက်​မည့် လုပ်​ငန်းစဉ်​များအား ​ဆွေး​နွေးပါ သည်​။
၎င်းနောက် အုတ်​တွင်းမြို့နယ်​ အမှတ်​ (၁) နယ်​​မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က မဲဆန္ဒရှင် ပြည်သူများအားနှုတ်ခွန်းဆက်စကားပြောကြားပြီး မိမိသည် မဲဆန္ဒရှင်ပြည်သူများ၏ ကြုံ​တွေ့​နေ​သောအခက်ခဲများ သဘောထားဆန္ဒများကို အလေးထားပြီး ဆောင်ရွက်ပေးလိုကြောင်း လုပ်ဆောင်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းရပ်များ ကိုလည်း ပြန်လည်အကောင်ထည် ဖော်လိုကြောင်း သို့ဖြစ်ပါ၍ မိမိကို ယုံကြည်စွာဖြင့် မဲပေးကြဘို့ စည်းရုံး ဟောပြောပါသည်။
တွေ့ဆုံပွဲ၌ ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့်က မဲ​ပေးရမည့် နေ့ရက်​အချိန်​များ မဲ​ပေးပုံနည်းစနစ်​များကို ရှင်းလင်း​ ဆွေး​နွေးခဲ့ပါသည်။ ​​တွေ့ဆုံပွဲကို ​နေ့လည်​ ၁၁း၄၅ အချိန်​ ရုပ်​သိမ်းခဲ့ပါသည်​။

ထို့​နောက်​ ​နေ့လည်​ ၁း၀၀ နာရီအချိန်​မှ ည​နေ ၃း၀၀ နာရီအချိန်​ထိ သရက်​ပင်​​မောင်​နှမ​ကျေးရွာအုပ်​စု ​ရေလျှံ​ကျေးရွာ ​ဦးဝင်းစိုး၏ ​နေအိမ်​တွင်​လည်း တက်​​ရောက်​လာ​သော ပြည်​သူများနှင့်​ရင်းနှီးစွာ ​တွေ့ဆုံ​ဆွေး​နွေးရှင်းလင်း ပြောကြားပြီး မဲဆွယ်စည်းရုံးပွဲကို ည​နေ (၃:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိပါသည်​။ မဲဆန္ဒရှင်​ပြည်​သူများနှင့် လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ​တွေ့ဆုံပွဲကို ​တောင်​ငူခရိုင်​ဥက္ကဋ္ဌ ဦးတင်စိုး အတွင်း​ရေးမှူးနှင့်ဖွဲ့ဝင်​များ ​တောင်​ငူမြို့နယ်​ဥက္ကဋ္ဌ ဦး​မောင်​​မောင်​စိုးနှင့်​အဖွဲ့ဝင်​များလည်း လိုက်​ပါကူညီ​ဆောင်​ရွက်​ခဲ့​ကြောင်းသတင်းရရှိပါသည်

နေကာယံ(အုတ်တွင်း)