တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် သရက်ပင်မောင်နှမကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာ ရေလျှံကျေးရွာ ပြည်သူများနှင့်တွေ့ဆုံပွဲသို့ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း တက်ရောက်အမှာစကားပြောကြား
၂၀၁၈ အောက်တိုဘာလ ၄ ရက်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့် နှင့် မြို့နယ်ဥက္ကဋ္ဌ ဦးလွင်မင်းသိန်း မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ ယမန်နေ့နံနက် (၀၉:၀၀) နာရီအချိန် သရက်ပင်မောင်နှမကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာ ဦးဖိုးချို နေအိမ်၌ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းမှ မိမိပါတီ၏လက်ရှိဆောင်ရွက်နေသော မူဝါဒများနှင့် လာမည့်ကာလ၌ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပါ သည်။
၎င်းနောက် အုတ်တွင်းမြို့နယ် အမှတ် (၁) နယ်မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က မဲဆန္ဒရှင် ပြည်သူများအားနှုတ်ခွန်းဆက်စကားပြောကြားပြီး မိမိသည် မဲဆန္ဒရှင်ပြည်သူများ၏ ကြုံတွေ့နေသောအခက်ခဲများ သဘောထားဆန္ဒများကို အလေးထားပြီး ဆောင်ရွက်ပေးလိုကြောင်း လုပ်ဆောင်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းရပ်များ ကိုလည်း ပြန်လည်အကောင်ထည် ဖော်လိုကြောင်း သို့ဖြစ်ပါ၍ မိမိကို ယုံကြည်စွာဖြင့် မဲပေးကြဘို့ စည်းရုံး ဟောပြောပါသည်။
တွေ့ဆုံပွဲ၌ ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့်က မဲပေးရမည့် နေ့ရက်အချိန်များ မဲပေးပုံနည်းစနစ်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲကို နေ့လည် ၁၁း၄၅ အချိန် ရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် နေ့လည် ၁း၀၀ နာရီအချိန်မှ ညနေ ၃း၀၀ နာရီအချိန်ထိ သရက်ပင်မောင်နှမကျေးရွာအုပ်စု ရေလျှံကျေးရွာ ဦးဝင်းစိုး၏ နေအိမ်တွင်လည်း တက်ရောက်လာသော ပြည်သူများနှင့်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးရှင်းလင်း ပြောကြားပြီး မဲဆွယ်စည်းရုံးပွဲကို ညနေ (၃:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိပါသည်။ မဲဆန္ဒရှင်ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တွေ့ဆုံပွဲကို တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးတင်စိုး အတွင်းရေးမှူးနှင့်ဖွဲ့ဝင်များ တောင်ငူမြို့နယ်ဥက္ကဋ္ဌ ဦးမောင်မောင်စိုးနှင့်အဖွဲ့ဝင်များလည်း လိုက်ပါကူညီဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်
နေကာယံ(အုတ်တွင်း)