ပြည်ခိုင်ဖြိုးပါတီ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်၌ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင်​ ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တ​လေးတိုင်း​ဒေသကြီး ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း၏ ဗီနိုင်းဆိုင်းဘုတ် စိုက်ထူ

 

ပြည်​ကြီးတံခွန်​မြို့နယ်၊ (ဆ) ရပ်ကွက် ၊ ၅၆ လမ်း နှင့် ​အေးသုခလမ်းဒေါင့်၌ ပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင်​ ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တ​လေးတိုင်း​ဒေသကြီး ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်၏ ဗီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်းကို (၂.၁၀.၂၀၁၈) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင်​ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​ တွဲဘက်​နယ်​​မြေတာဝန်​ခံ ဦး​အောင်​နိုင်​ဦး၊ ပြည်​ကြီးတံခွန်​မြို့နယ်ပါတီဥက္ကဌ ဦးစိုး​အေး၊ အတွင်းရေးမှူး ​ဦး​အောင်​မျိုးခိုင်​၊ ဘဏ္ဏာ​ရေးမှူး ဦးစံရ နှင့်​ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ဥက္ကဌများ၊ ပါတီဝင်များ စုစုပေါင်း (၅၀) ဦးကျော်တို့ တက်​​ရောက်ခဲ့ကြပြီး ရှမ်းတိုင်းရင်းသား​အောင်​နိုင်​​ရေးဆိုင်းဘုတ်အား စိုက်ထူခဲ့ကြပါသည်​။
ထို့​နောက်​ (ဆ) ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးရုံးးတွင်​ ​ကြေညာထား​သော ရှမ်းတိုင်းရင်းသား မဲစာရင်းများအား ​လေ့လာကြည့်​ရှုခဲ့ကြပါသည်​။