အမြင်အာရုံနဲ့ ဆိုင်တဲ့ လေဆာရောင်ခြည် တီထွင်မှုအတွက် သိပ္ပံပညာရှင် သုံးဦးကို ရူပဗေဒနိုဘယ်ဆု ချီးမြှင့်

စတော့ဟုမ်း၊ အောက်တိုဘာ ၃

မျက်စိခွဲစိတ်မှုတွေမှာ အနုစိတ်တိကျမှုကို ပေးနိုင်စွမ်းတဲ့ အမြင်အာရုံနဲ့ ဆိုင်တဲ့ လေဆာရောင်ခြည် တီထွင်မှုအတွက် သိပ္ပံပညာရှင်သုံးဦးကို ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အောက်တိုဘာ ၂ ရက်မှာ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

ရူပဗေဒနိုဘယ်ဆု ချီးမြှင့်ခံရတဲ့ ပညာရှင်သုံးဦးမှာ အမေရိကန်က အာသာအက်ရှ်ကင်းဟာ နိုဘယ် ဆုကြေးငွေ ဆွီဒင်သုံးငွေကြေး ခရိုနော ကိုးသန်း(အမေရိကန်ဒေါ်လာ ၁ ဒဿမ ၀၁ သန်း)ရဲ့ တစ်ဝက်ကို ရရှိမှာဖြစ်ပြီး ကျန်တစ်ဝက်ကို ပြင်သစ်မှ ဂါးရတ်မော်ရူးနဲ့ ကနေဒါမှ ဒွန်နာစထရစ်လန်းတို့က ခွဲဝေယူရမှာ ဖြစ်ပါတယ်။

အသက် ၉၆ နှစ်ရှိ အက်ရှ်ကင်းဟာ အမှုန်အမွှားတွေ၊ အက်တမ်တွေ၊ ရောဂါပိုးတွေနဲ့ အခြားသက်ရှိဆဲလ်တွေကို လေဆာလက်ချောင်းတံတွေနဲ့ ဆွဲထုတ်ယူမယ့် optical tweezers အမြင်အာရုံဆိုင်ရာ ဇာဂနာဆိုတာကို တစ်ဦးတည်း တီထွင်ခဲ့ခြင်းကြောင့် ခုလို ဆုတစ်ဝက်ကို ရရှိတာ ဖြစ်ပါတယ်။

အလင်းရဲ့ ရောင်ခြည်ဖြာဖိအားကနေပြီး ဒြပ်ထည်တွေကို  ဖယ်ရှားနိုင်မယ့် ရူပဗေဒဆိုင်ရာ တီထွင်မှုကြောင့် အက်ရှ်ကင်းကို ခုလိုဆုချီးမြှင့်တာဖြစ်ကြောင်း ဆွီဒင်တော်ဝင်သိပ္ပံအကယ်ဒမီက ပြောပါတယ်။

ကျန်တဲ့ ဂါးရတ်မော်ရူးနဲ့ အမျိုးသမီးတစ်ဦးဖြစ်သူ ဒွန်နာစထရစ်လန်းတို့ကတော့ ပိုမိုတိုတောင်းမြန်ဆန်တဲ့ အမြင်အာရုံဆိုင်ရာ သွေးခုန်နှုန်းကို ဖြစ်ပေါ်စေမယ့် နည်းလမ်းကို ထုတ်ဖော်နိုင်ခဲ့ တာကြောင့် ပူးတွဲဆုချီးမြှင့်တာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ၎င်းတို့နှစ်ဦး တီထွင်ဖော်ထုတ်ခဲ့တဲ့ နည်းလမ်းကို မျက်စိခွဲစိတ်မှုတွေမှာ အသုံးချနေပြီဖြစ်ပါတယ်။

မော်ရူးဟာ ပြင်သစ်က Ecole Polytechnique နဲ့ အမေရိကန် မီချီဂန်တက္ကသိုလ်တို့မှာ အသင်းဝင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ တပည့်လည်းဖြစ်သူ ဒွန်နာစထရစ်လန်းကတောတ့ ကနေဒါ၊ ၀ါတာလူးတက္ကသိုလ်က ပါမောက္ခဖြစ်ကာ ရူပဗေဒနိုဘယ်ဆုရတဲ့ သုံးဦးမြောက် အမျိုးသမီးလည်းပဲ ဖြစ်ပါတယ်။

-Ref; EFE_EPA