ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မြို့နယ် (၇) မြို့နယ်မှ ပါတီလူငယ်လှုပ်ရှားမှုအဖွဲ့အား တွေ့ဆုံပွဲ အခမ်းအနား

 

လွိုင်ကော် – အောက်တိုဘာ ၂

ယနေ့ ၂-၁၀-၂၀၁၈ ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန် ကယားပြည် နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် လွိုင်ကော်ခရိုင်၊ ဘောလ ခဲခရိုင်နှင့် မြို့နယ်(၇)မြို့နယ်ရှိ ပါတီလူငယ်လှုပ်ရှားမှုအဖွဲ့အား ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံပါသည်။
ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံ တော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဗဟိုအလုပ် အမှုဆောင်) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း က အဖွင့်အမှာ စကားပြောကြားသွားပါသည်။
ယင်းနောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် (လူငယ်ရေးရာတာဝန်ခံ) ဦးအောင်နိုင်ဦးမှ လူငယ်ရေးရာလုပ်ငန်းတာဝန် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသွားပါသည်။
ဆက်လက်ပြီး ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ် ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဒေါ်မော်မော်ခိုင်၊ ဦးရဲဝင်းနှင့် ဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူတို့က အသီးသီး လမ်းညွှန်အမှာစကား ပြောကြားသွားပါသည်။
ထို့နောက် မြို့နယ်(၇)မြို့နယ် မှ တက်ရောက်လာကြသော လူငယ် အသီးသီးတို့က သိရှိလိုသည်များကို မေးမြန်းပြီး လူငယ်တာဝန်ခံ၊ ဒုတာဝန် ခံနှင့် ပြည်နယ်ကော်မတီဝင်အသီးသီးတို့က အပြန်အလှန် ဆွေးနွေးသွားကြ ပါသည်။
ယင်းနောက် ကယားပြည်နယ် ပြည်နယ်ပါတီနာယက ဦးတောရယ်မှ လိုအပ်သည်များကို လမ်းညွှန်အမှာစကားပြောကြားပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ဗဟိုအလုပ်အမှုဆောင်)ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းက နိဂုံးချုပ်အမှာစကား ပြောကြားသွားပါ သည်။
ယနေ့အခမ်းအနားသို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဗဟိုအလုပ် အမှုဆောင်) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူ၊ ပြည်နယ်ပါတီ နာယက ဦးတောရယ်၊ ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ပြည်နယ် ကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဦးအောင်နိုင်ဦးနှင့် လူငယ်ရေးရာ ဒု-တာဝန်ခံ ဒေါ်နန်းယဉ်သီတာထွေး၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး ၊ ဦးရဲဝင်း၊ ဦးစောကိုဒီ၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဒေါရစ်လေးနှင့် ဒေါ်ဗျားမြာမောင်၊ ကယားပြည်နယ် လူငယ်ရေးရာလုပ်ရှားမှုတာဝန်ခံ မနန်းစောရင်နှင့် ဒု-တာဝန်ခံ မောင်အောင်ကျော်ညွှန့်၊ လွိုင်ကော်ခရိုင်ပါတီ ဥက္ကဌ ဦးမျိုးမြင့်ဦး၊ မြို့နယ်(၇) မြို့နယ်မှ ပါတီဥက္ကဌများ၊ မြို့နယ်လူငယ် ရေးရာတာဝန်ခံနှင့် လူငယ်များ စုစုပေါင်းအင်အား(၇၀)ကျော် တက်ရောက် ကာ နေ့လည်(၁၂း၃၀)နာရီအချိန်တွင်ပြီးစီးကြောင်းနှင့် လူငယ်များအား လုပ်ငန်းစဉ် အလိုက်တာဝန်ပေးအပ်မှုအား နေ့ခင်း(၁း၃၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ