ပြည်ခိုင်ဖြိုးပါတီ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်၌ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း၏ ဗီနိုင်းဆိုင်းဘုတ် စိုက်ထူ
ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက် ၊ ၅၆ လမ်း နှင့် အေးသုခလမ်းဒေါင့်၌ ပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်၏ ဗီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်းကို (၂.၁၀.၂၀၁၈) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် တွဲဘက်နယ်မြေတာဝန်ခံ ဦးအောင်နိုင်ဦး၊ ပြည်ကြီးတံခွန်မြို့နယ်ပါတီဥက္ကဌ ဦးစိုးအေး၊ အတွင်းရေးမှူး ဦးအောင်မျိုးခိုင်၊ ဘဏ္ဏာရေးမှူး ဦးစံရ နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ဥက္ကဌများ၊ ပါတီဝင်များ စုစုပေါင်း (၅၀) ဦးကျော်တို့ တက်ရောက်ခဲ့ကြပြီး ရှမ်းတိုင်းရင်းသားအောင်နိုင်ရေးဆိုင်းဘုတ်အား စိုက်ထူခဲ့ကြပါသည်။
ထို့နောက် (ဆ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးးတွင် ကြေညာထားသော ရှမ်းတိုင်းရင်းသား မဲစာရင်းများအား လေ့လာကြည့်ရှုခဲ့ကြပါသည်။