နိုင်ငံအသင်းမှ အနားယူရန် မက်ဆီကို တိုက်တွန်းမည်ဟု မာရာဒိုနာ ပြော

လီယွန်နယ်မက်ဆီကို နိုင်ငံအသင်းကနေ အနားယူဖို့ တိုက်တွန်းသွားမယ်လို့ အာဂျင်တီးနား ဂန္ထ၀င်နည်းပြဟောင်း မာရာဒိုနာက ပြောကြားလိုက်ပါတယ်။

အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ရယူပေးနိုင်ခြင်း မရှိတာနဲ့ မက်ဆီကို အပြစ်တင်နေကြပြီး ဒါဟာ မက်ဆီအတွက် မျှတမှု မရှိတာကြောင့် အသင်းကိုနောက်ထပ် မကစားပေးဖို့ တိုက်တွန်း သွားမယ်လို့ မာရာဒိုနာက ပြောပါတယ်။

ဒါ့အပြင်  အာဂျင်တီးနား ယူ ၁၅ သင်း ရှုံးနိမ့်ခဲ့ရင် မက်ဆီကြောင့်လို့ ပြောဆိုနေကြပြီး ပြည်တွင်းလိဂ်က ရေ့ဆင်းအသင်းနဲ့ ဘိုကာဂျူနီယာတို့ ကန်တဲ့ပွဲဟာလည်း မက်ဆီရဲ့ အပြစ်ဖြစ်နေတယ်၊ အားလုံးကို မက်ဆီရဲ့ အပြစ်ကြောင့်လို့ ပြောဆိုနေကြတယ်၊ ဒါကို ရပ်တန့်ဖို့ လိုတယ်လို့ မာရာဒိုနာက ပြောကြားခဲ့ပါတယ်။

အသက် ၃၁ နှစ်ရှိ တိုက်စ်မှူး မက်ဆီဟာလည်း ဝေဖန်မူတွေကြောင့် အသင်းကနေ အနားယူမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားမှာတော့ ပြန်လည် ပါဝင်ကစားခဲ့ပါတယ်။

မက်ဆီအနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အောင်မြင်မှု မရခဲ့ပြီးနောက်ပိုင်း ကစားခဲ့တဲ့ ဂွါတီမာလာ၊ ကိုလံဘီယာ အသင်းတို့နဲ့ ခြေစမ်းပွဲစဉ်တွေမှာ ပါဝင်ကစားခြင်း မရှိခဲ့ပါဘူး။

 -Ref; Sky sports