ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဇမ္ဗူသီရိမြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် အမျိုးသမီးညီလာခံ အကြို နှီးနှောဖလှယ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားကို အပိုင်းသုံးပိုင်း ခွဲကျင်းပရာတွင် နိုင်ငံတော်အလံ အလေးပြုပြီး နိုင်ငံတော်သီချင်း သံပြိုင်သီဆို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကိုအခမ်းအနားမှူး အဖြစ် ဒေါ်နိုင်နိုင်မော်နှင့်တွဲဖက်အခမ်းအနားမှူးအဖြစ် ဒေါ်ခင် မုန်းမေ့တို့က တာဝန်ယူဆောင်ရွက်ခဲ့ကြ သည်။ အခမ်းအနား ပထမပိုင်းတွင် သဘာပတိဒေါ်ခင်ခင်လှနှင့်သဘာပတိအဖွဲ့ ဝင်များနေရာယူပြီးနောက်နေပြည်တော် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက နှုတ် ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဇမ္ဗူသီရိမြို့နယ်ကော်မတီဝင် ဒေါ်တင်သန္တာအေးက အမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပမည့် အစီ အစဉ်များ ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားဒုတိယပိုင်းတွင် အစုအဖွဲ့ လေးဖွဲ့တို့မှ (က)အမျိုးသမီးများနှင့် မြန်မာ နိုင်ငံရေးအခန်းကဏ္ဍမြှင့်တင်ရေး၊(ခ)အမျိုး သမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာ မှုနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ (ဂ)အမျိုးသမီးထုအတွင်း အမျိုးဂုဏ်၊ဇာတိ ဂုဏ်ထိန်းသိမ်းရေး၊အမျိုးသမီးများ၏အခွင့် အရေးများကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် ရေး၊ (ဃ)အမျိုးသမီးပါတီဝင်သစ်များစု ဆောင်းရေးနှင့်၂ဝ၂ဝပြည့်နှစ် ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုး သမီးများအား စဉ်ဆက်မပြတ်လေ့ကျင့်ပျိုး ထောင်ပေးရေးစာတမ်းများ ဆွေးနွေးပြုစု ရေးသားခဲ့ကြသည်။

တတိယပိုင်း ပြန်လည်ကျင်းပရာတွင် အစုအဖွဲ့လေးဖွဲ့က ဆွေးနွေးတင်သွင်း ခဲ့သော ဆွေးနွေးချက်၊ တွေ့ရှိချက်များကို သဘာပတိမှ မှတ်တမ်းတင်ခြင်း၊အတည် ပြုခြင်း၊ဆုံးဖြတ်ချက်ချခြင်းကိုပြုလုပ်ဆောင် ရွက်ခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝင်းဌေးက အခမ်းအနားနိဂုံးချုပ်အမှာ စကားပြောကြားကာ ပြည်ခိုင်ဖြိုးဟေ့ သီချင်းဖြင့်အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးဦးဌေးဝင်း၊အမျိုးသမီးရေးရာ တာဝန်ခံပြည်ထောင်စုနယ်မြေကော်မတီဝင် ဒေါ်သီတာထွေးနှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်နိုင် ဦးနှင့်ကော်မတီဝင်များ၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဌေးနှင့်ကော်မတီဝင်များ၊ ရပ်/ကျေး ဥက္ကဋ္ဌများ၊ အမျိုးသမီးအဖွဲ့ဝင်များ အင် အား ၂ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်အောင်