ဗလင်စီယာနှင့်ပွဲအတွက် ပေါ့ဘာပျော်ရွှင်စွာလေ့ကျင့်ခန်းဆင်း၊ ကစားသမားအချို့ လေ့ကျင့်ခန်းမဆင်းနိုင်

ဗလင်စီယာပွဲမတိုင်မီ မန်ယူ အသင်း၏ လေ့ကျင့်မှုတွင် ဂျက်ဆီလင်းဂတ်၊ ဟာရဲရား၊ အက်ရှ်လေယန်းနှင့် ရိုဂျိုတို့ မပါဝင်ဘဲ ပေါ့ဂ်ဘာက ပြုံးပြုံးရွှင်ရွှင် လေ့ကျင့်နေသည်။

မန်ယူသည် ဗလင်စီယာနှင့် ချန်ပီယံလိဂ်ပွဲကို အိုးလ်ထရက်ဖို့ဒ်တွင် လက်ခံကစားရမည်ဖြစ်ကာ ပထမအုပ်စု ပွဲတစ်ပွဲ၌ ယန်းဘွိုင်းအသင်းကို အနိုင်ရရှိထားသည်။ ဗလင်စီယာသည် မန်ယူအတွက် ယန်းဘွိုင်းထက် ပိုမိုခက်ခဲသော ပြိုင်ဘက်ဖြစ်ကြောင်း သက်သေပြနိုင်ပြီး အိမ်ကွင်းအားသာချက်ဖြင့် အမှတ်ပြည့်ယူနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။  

မန်ယူအသင်းက နောက်ဆုံးကစားခဲ့သော သုံးပွဲတွင် နိုင်ပွဲမရဖြစ်ပြီးနောက် ကစားသမားအချို့က အခြား လူများထက် အသင်းအပေါ် ပိုမိုဂရုစိုက်သည်ဟု နည်းပြမော်ရင်ဟိုက ပြောသည်။

မန်ယူသည် နောက်ဆုံးပရီး မီးယားလိဂ်နှစ်ပွဲတွင် ဝုဖ်လ်ကိုသရေကျကာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီး နံပါတ် (၁၀) နေရာ ရောက်နေသည်။ လိဂ်ဖလားပြိုင်ပွဲတွင်လည်း ချန်ပီယံရှစ်မှ ဒါဘီကိုရှုံးကာ ပြိုင်ပွဲမှထွက်ခဲ့ရသည်။

အသင်းခြေစွမ်း ကျဆင်း နေခြင်းကြောင့် ၎င်း၏ အနေအထားကို စိတ်ပူပန်သလားဟု မေးမြန်းရာ မော်ရင်ဟိုက မစိုးရိမ်ကြောင်း ပြန်လည်ဖြေကြားသည်။ မန်ယူက ရီးရဲလ်နည်းပြဟောင်း ဇီဒန်းကို ခေါ်ယူရန် ကြိုးစားနေသည်ဟု သတင်းအချို့က ဖော်ပြသည်။ ကစားသမားတိုင်း ခြားနားကြောင်း၊ မည်သည့်ကစားသမားမျှ မတူကြောင်း၊ မိမိအနေဖြင့် မတူညီသော အမူအရာများ မြင်သော်လည်း ၎င်းတို့က အတွင်းစိတ်ကို ရောင်ပြန်မဟပ်ကြောင်း မော်ရင်ဟိုက ပြောသည်။

အချို့သည် စိတ်မကောင်းပုံ ပေါ်သော်လည်း စိတ်အတွင်း ကျိတ်၍ ပျော်နေကြောင်းနှင့် တစ်ခါတစ်ရံ မြင်တွေ့ရသည်က အမှန်မဟုတ်ဘဲ အချို့ကစားသမားများက ပိုမိုဂရုစိုက်သည်ဟု ယူဆကြောင်း ဗလင်စီယာနှင့် ပွဲမတိုင်မီ မော်ရင်ဟိုက ပြောသည်။

-Ref; Sky sports