ကန် ကာကွယ်ရေးဝန်ကြီး တရုတ်ခရီးစဉ် ဖျက်သိမ်း

အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ရဲ့ တရုတ်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ပင်တာဂွန် အမေရိကန် စစ်ဌာနချုပ်က ကြေညာပါတယ်။ ဒါဟာ တရုတ်ကာကွယ်ရေးဝန်ကြီးဘက်က အဆင်မပြေတာကြောင့် ဖြစ်ကြောင်း ကာကွယ်ရေးဌာန အရာရှိတဦးက VOA ကို တနင်္လာနေ့မှာ ပြောပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး တရားဝင်ကြေညာထားတာတော့ မရှိပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဗိုလ်ချုပ်ကြီး Wei Fenghe နဲ့ လုံခြုံရေးကိစ္စ ဆွေးနွေးရေး အစီအစဉ်တွေလုပ်ဖို့ ကြိုးစားခဲ့ပြီးတဲ့နောက်မှာ အခုလို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ကာကွယ်ရေးဌာန အရာရှိကပြောပါတယ်။

Rhode Island ပြည်နယ် Newport မှာ တွေ့ဆုံဖို့ စီစဉ်ထားတာကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တရုတ်ရေတပ်အကြီးအကဲ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး Shen Jinlong က ဖျက်သိမ်းခဲ့သလို အမေရိကန် USS Wasp စစ်သဘောင်္ ဟောင်ကောင်ဆိပ်ကမ်းကပ်ခွင့် အငြင်းပယ်ခံခဲ့ရ ပြီးတဲ့နောက်မှာ အခုလို ကာကွယ်ရေး ဝန်ကြီးတွေရဲ့ တွေ့ဆုံပွဲကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ရေကြောင်းသွားလာရေး လွတ်လပ်ခွင့်ကို ပြသတဲ့အနေနဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတဲံ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ အမေရိကန်က တိုက်လေယာဉ်တွေ ပျံသန်းခဲ့ပြီးတဲ့နောက် ၂ နိုင်ငံကြား တင်းမာမှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ကလည်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့ Spratly ကျွန်းစုနဲ့ ရေမိုင် ၁၂ မိုင်လာက်အကွာမှာ မောင်းနှင်နေတဲ့ အမေရိကန် စစ်သင်္ဘောနားကို တရုတ်စစ်သဘောင်္တစင်းက အန္တရာယ် ကြီးလောက်အောင် ကပ်လာခဲ့တာ ဖြစ်ပါတယ်။

-Ref; VOA