ဗဟိုအမျိုးသမီး ညီလာခံအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ် အမျိုးသမီးထု လှုပ်ရှားမှု ပြုလုပ်

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီး ညီလာခံအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ် အမျိုးသမီးထု လှုပ်ရှားမှု အနေဖြင့် တိုင်းကော်မတီဝင် ဒေါ်မိုးမိုးအိ ခရိုင်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်အေးအေးမြင့် မြို့နယ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စုစုမင်းတို့ ဦးဆောင်၍ ခနောင်တိုအရှေ့ရပ်ကွက် အမျိုးသမီးပါတီဝင်များ ခနောင်တိုအနောက်ရပ်ကွက် အမျိုးသမီးပါတီဝင်များ သခင်ဘသောင်းရပ်ကွက် အမျိုးသမီး ပါတီဝင်များ စုစုပေါင်း အင်အား ၅၀ ခန့်ဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ခနောင်တိုအရှေ့ရပ်ကွက် သာသနရက္ခိတကျောင်းတိုက်ဝန်းအတွ စုပေါင်း၍ သန့်ရှင်းရေး များ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် လုပ်အားပေးအဖွဲ့များအား ကြာဇံကြော်ဖြင့် ဧည့်ခံခဲ့ကြောင်းလည်း သိရသည်။
WMO