ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့ 1.10.2018 ရက်နေ့တွင် ခရိုင်သင်တန်းကျောင်း
ဇမ္ဗူတလူခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းအမျိုးသမီးရေးရာတာဝန်ခံ ကော်မတီဝင်များ၊ ခရိုင်ဥက္ကဌ၊ အတွင်းရေးမှူးနှင့် တာဝန်ခံကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ၊ အတွင်းရေးမှူးနှင့် တာဝန်ခံကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ ပါတီဥက္ကဌနှင့်အမျိုးသမီးအဖွဲ့ ဝင်များ စုစုပေါင်း 210 ကျော်တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်အလံကိုအလေးပြု ခြင်း၊ အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းခြင်း၊ အမျိုးသမီးများအတွက် ပါတီခြုံပုဝါ 50 အား ခရိုင်ပါတီမှ ပေးအပ်လှူဒါန်းခြင်း၊ ရပ်ကွက်ကျေးရွာအမျိုးသမီးများမှာ စာတမ်း 4 စောင်အား ဖတ်ကြားခြင်း၊ တိုင်းပါတီအမျိုးသမီးညီလာခံသို့ တက်ရောက်မည့်သူများအား အတည်ပြု ခြင်း၊ မြို့နယ်ပါတီဥက္ကဌက ကျေးဇူးတင်စကားပြောကြားပြီး ပြည် ခိုင် ဖြိုး ဟေ့သီချင်းကို စုပေါင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။