မုန်လာဥနီ ဘာလို့ ပုံမှန် စားသင့်သလဲ
မုန်လာဥနီလေးများကို စွပ်ပြုတ်၊ အရွက်သုပ်၊ သဘောင်္သီးသုပ်၊ ဖျော်ရည် နှင့် ကိတ်တို့မှာ ထည့်သုံးရုံသာမက မျက်လုံး၊ အသားအရေ၊ သွားနဲ့အစာချေစနစ်စတဲ့ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေး အတွက်လည်း အထောက်အကူ ပြုပါတယ်..
၁။ ဥနီမှာ ဗီတာမင် A ပါဝင်တဲ့အတွက်ကျန်းမာလှပတဲ့အသားအရေအတွက် စားပေးသင့်ပါတယ်..
၂။ ဥနီမှာပါဝင်တဲ့ ဗီတာမင်နဲ့အင်ဇိုင်းတို့ဟာ အစာချေဖို့အတွက် အဓိကထောက်ပံ့ပေးပါတယ်.. ဥနီကို ပုံမှန်စားခြင်းဖြင့် အစာချေစနစ်ကိုကူညီပြီး အစာအိမ်နာရောဂါမှ ကာကွယ်ပေးပါတယ်..
၃။ဥနီမှာ အယ်လ်ကာလိုင်းဓာတ်ပေါများပါတယ်..သွေးအတွင်းရှိ အက်ဆစ်ဓာတ်နှင့် အယ်လ်ကာလိုင်းဓာတ်တို့ကို ထိန်းညှိပေးပြီး သွေးသားသန့်စေပါတယ်..
၎။ဥနီမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်က ဆိုဒီယမ်ပမာဏကိုထိန်းပေးပြီး ခန္ဓာကိုယ်တွင်းရှိသွေးဖိအားကို လျော့နည်း စေပါတယ်…
၅။သင့်ခံတွင်းထဲမှာရှိတဲ့ပိုးများကို သတ်ပေးပြီး သွားပိုးစားခြင်းမှ ကာကွယ်ပေးပါသည်..
၆။ဥနီကို အစိမ်းလိုက်ကိုက်စား၍ဖြစ်စေ၊ အမျှင်လိုက်ခြစ်၍ဖြစ်စေစားခြင်းဖြင့် ထိခိုက်ခြနာကြောင့်ယောင်ယမ်းမှု၊ ဒဏ်ရာတို့ကို မြန်မြန်ပျောက်စေသည်
၇။သွေးတွင်းသကြားပါဝင်မှုကို ထိန်းပေးသည်..
၈။အူမကြီးကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးသည်…
၉။အမျှင်ဓာတ်ပေါများပြီး နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်…
၁၀။သင့်မျက်လုံး၊ အသားအရေ၊ဆံပင်၊လက်သည်းစသည်တို့၏ ကျန်းမာရေးအတွက်လည်း အထောက်အပံ့ ပေးပါသည်…
Credit: yaythuma