ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ အခမ်းအနားကျင်း

 

သရက်ချောင်း စက်တင်ဘာ ၂၇

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ပြည် ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်အလံ အားအလေးပြု၍ နိုင်ငံတော်သီချင်း ကိုသံပြိုင်သီဆိုကာ အခမ်းအနား ဖွင့်လှစ်ကြေညာပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှခရိုင် ပါတီဥက္ကဋ္ဌ ဒေါက်တာဝင်းအောင် ကအဖွင့်အမှာစကား ပြောကြားခဲ့ သည်။ ထို့နောက် တက်ရောက် လာသည့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ပါတီဝင်များက အမျိုးသမီး ရေးရာနှီးနှောဖလှယ်ပွဲနှင့် သက် ဆိုင်သည့် အချက်အလက်များကို အစုအဖွဲ့အလိုက် ဆွေးနွေးခဲ့ကြ သည်။

ဆက်လက်၍ အမျိုးသမီး ကိုယ် စားလှယ်များက စာတမ်းဖတ်ကြား ပေးခြင်း အစီအစဉ်များပြုလုပ် ခဲ့သည်။ အဆိုပါစာတမ်းများဖတ် ကြားရာတွင် မြန်မာအမျိုးသမီး များနှင့်မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍ မြှင့်တင်ရေးစာတမ်း၊ အမျိုးသမီး များ၏ ဘဝလုံခြုံမှု ငြိမ်းချမ်းသာ ယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးစာတမ်း၊ အမျိုးသမီး ထုအတွင်း အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ရိုးရာယဉ်ကျေး မှု ဓလေ့ထုံးစံနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ရေးစာတမ်း၊ အမျိုးသမီးပါတီဝင် အသစ်များ စုဆောင်းရေးနှင့် (၂ဝ၂ဝ)ပြည့်နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပါတီဝင် အမျိုးသမီးများ အား စဉ်ဆက်မပြတ် လေ့ကျင့် ပျိုးထောင်ပေးရေးစာတမ်းများဖတ် ကြားခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ တိုင်းဒေသကြီး အတွင်းရေးမှူးဦးနေမျိုး၊တိုင်းဒေသ ကြီး အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မြမြစိမ်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်၊ ခရိုင်ကော် မတီဝင်များ၊ သရက်ချောင်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးထွေးနှင့် မြို့နယ်ကော်မတီဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်တို့မှ ပါတီဝင်များ တက်ရောက်ကြပြီး အခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီဟေ့သီချင်းဖြင့် သီဆိုပြီး ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

မျိုးချစ်ဦး