ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အိမ်ရှင်အဖြစ် တူရကီကို ကျော်ပြီး ဂျာမနီနိုင်ငံ ရွေးချယ်ခံရ

ဥရောပဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်ကော်မတီက မဲခွဲဆုံးဖြတ်ပြီးနောက် ဂျာမနီနိုင်ငံသည် တူရကီကို ဖြတ်ကျော်၍ ယူရို ၂၀၂၄ ပြိုင်ပွဲကို ကျင်းပခွင့်ရရှိခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ နိုင်ယွန်မြို့တွင် မဲခွဲမဆုံးဖြတ်မီ ဂျာမနီနှင့် တူရကီက ပြိုင်ပွဲကျင်းပမည့် အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ယူအီးအက်ဖ်အေ ဆုံးဖြတ်ချက်ကြောင့် ဂျာမနီသည် အရှေ့ နှင့်အနောက် ပြန်လည်ပေါင်းစည်းပြီးနောက် ပထမဆုံးအကြိမ် ယူရိုဘောလုံးပြိုင်ပွဲကျင်းပခွင့်ရမည်ဖြစ်သည်။ အနောက်ဂျာမနီ က  ယင်းပြိုင်ပွဲကို    ၁၉၈၈  တွင် နောက်ဆုံး လက်ခံကျင်းပခဲ့သည်။

တူရကီသည် အဓိကနိုင်ငံတကာဘောလုံးပြိုင်ပွဲတစ်ခုကို ကျင်းပခွင့်   မရသေးဘဲ   ယူရို ၂၀၀၈၊ ယူရို ၂၀၁၂ နှင့် ယူရို ၂၀၁၆ ပြိုင်ပွဲများတွင် ကျင်းပခွင့်  ရရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဂျာမနီက ၂၀၀၆ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိခဲ့သည်။ 

—Ref:BBC