တပ်ကုန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုကျင်းပနိုင်ရေးနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ တပ်ကုန်းမြို့နယ်ရုံး၌ ယမန်နေ့နံနက် ၁ဝနာရီက ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ မြို့နယ်အဆင့်အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေးနှင့်မြို့နယ်ကော်မတီ ဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်ထောင်စု နယ်မြေကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဖေအံ့မောင်နှင့် နေပြည်တော်ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးတို့က ယနေ့ နိုင်ငံရေး အခြေအနေနှင့် ပါတီတွင်းစည်းရုံးရေး အင် အားတောင့်တင်းခိုင်မာရေး၊ ပါတီဝင်ကြေး ရရှိရေး၊ ပါတီ၏လမ်းညွှန်ချက်များ၊ ရှေ့ လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့သည်။ ၄င်းနောက် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ဝင်းဝင်းရွှေတို့က ပါတီလှုပ်ရှားဆောင် ရွက်နေမှုများ ဆက်လက်ဆောင်ရွက်ရန် ရှိသည်များ၊ မြို့နယ်အမျိုးသမီး နှီးနှော ဖလှယ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကဏ္ဍတာဝန်များခွဲဝေခြင်းတို့ ဆွေး နွေးခဲ့ကြပြီး ပြည်ထောင်စုနယ်မြေနှင့် ခရိုင် ပါတီဥက္ကဋ္ဌတို့က ပေါင်းစပ်ဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု နယ်မြေကော်မတီဝင်ဦးဖေအံ့မောင်နှင့် ခရိုင် ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦး၊တပ်ကုန်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်၊ အတွင်းရေးမှူး ဦးခင်မောင်မိုးနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)