ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက အင်အား ၂ဝခန့်ဖြင့် စည်းရုံးမှုများပြုလုပ်

 

ရန်ကုန် စက်တင်ဘာ ၂၆

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု တာမွေ မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်း ကျော်က အင်အား ၂ဝခန့်ဖြင့် စည်းရုံးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

”ယမန်နေ့ နံနက် ၉ နာရီ မိနစ်၂ဝ ကစပြီး တာမွေကြီး (ခ) ရပ်ကွက် ဆင်းပြီး စည်းရုံးရေးတွေလုပ်တယ်။ နံနက် ၁၁ နာရီ ၄၅မိနစ် ထမင်း စားနားတယ်။ ညနေ ၄ နာရီ ၁၅မိနစ် ပြန်ဆင်းခဲ့တယ်။ အင်အား ကတော့ ၂ဝခန့်လောက်နဲ့ စည်းရုံးမှုတွေလုပ်တယ်”ဟု ဦးမျိုးဝင်းကျော် က ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေဖြင့် ယခုလ ၃ရက်မှ စတင်၍နိုဝင်ဘာ ၁ ရက်အထိ နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ မဲဆွယ်စည်းရုံးနိုင် မည်ဖြစ်ပြီး မဲဆွယ်စည်းရုံးရန် ရက်ပေါင်း ၆ဝသတ်မှတ်ခွင့်ပြုထားပြီး ဖြစ်သည်။

သစ်တော်